25 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

ဘန်ကောက်ရှိ စျေးအကြီးဆုံး ဇိမ်ခံ SCOPE Langsuan ကွန်ဒိုတွင် မင်းအောင်လှိုင်၏သမီး ခင်သီရိသက်မွန်နှင့် စစ်ဗိုလ်ချုပ် မိသားစုများက ကွန်ဒိုအခန်းများ ဝယ်ယူမှုကို ပြည်သူ့ရဲတပ်ဖွဲ့က စုံစမ်းနေ

■ ကွန်ဒို ဝယ်ယူမှုနှင့် ဆက်စပ် ပတ်သက်နေသူများကို မှတ်တမ်းတင်ထားပြီး တော်လှန်ရေးအလွန်ကာလ နိုင်ငံ့ဘဏ္ဍာ အဖြစ်သိမ်းမည့်အပြင် ပတ်သက်သူများကိုပါ အရေးယူမည် ရန်ကုန်၊ ဇွန် ၁၂ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ စျေးအကြီးဆုံး ဇိမ်ခံ SCOPE Langsuan ကွန်ဒိုတွင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် နှင့် စစ်ဗိုလ်ချုပ်...

စစ်ကိုင်းမြို့နယ်တွင် ဆိုင်ကယ် ခိုးယူ ထွက်ပြေးသော ဒုရဲအုပ်ကို ပစ်ခတ်ဖမ်း ဆီးရာ ဒုရဲအုပ် သေဆုံးသွားပြီး သေနတ် ၂ လက်၊ ယူနီဖောင်း၊ ကျည်ကာများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာမှ ဒုရဲအုပ်တစ်ဦးက ပြည်သူ့ ဆိုင်ကယ်ကို ခိုးယူ ထွက် ပြေးစဉ် တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ ပစ်ခတ် ဖမ်းဆီးရာ ဒုရဲအုပ် သေဆုံးပြီး သေနတ် ၂ လက်၊ ယူနီဖောင်းနှင့်ကျည်ကာများ သိမ်းဆည်းရရှိခဲ့ကြောင်း...

၀ိုင်းမော်မြို့နယ်တွင် ယမန်နေ့ တစ်ရက်တည်း စစ်ကောင်စီ၏ တပ်စခန်းစုစုပေါင်း ၁၈ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဇွန် ၁၂ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီ၏ တပ်စခန်းစုစုပေါင်း ၁၈ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့်...

Khit Thit သတင်းဌာန၏ ဇွန် ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က နွေဦးတမာန် တော်လှန်ရေးထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက် ဖျက်သိမ်းခိုင်းပြီး ၊ တရားဝင် လက်မှတ်နဲ့ နေထိုင်တဲ့ ထောက်/ပို့ တာဝန်ခံမြန်မာ၁ ဦးကို ထိုင်းတာဝန်ရှိသူက ခြေထောက်နဲ့ကန်ခဲ့တယ်လို့...

ဒေါင်းညီနောင် စစ်ကြောင်းမှ စစ်ကြောင်းမှူးက မြေပြင်တွင် တိုက်ပွဲဝင်နေသည့် တပ်ခွဲ ၁ မှ ရဲဘော်များကို သွားရောက် တွေ့ဆုံ

ရန်ကုန်၊ ဇွန် ၁၁ သရက်ချောင်းမြို့နယ် အခြေစိုက် ဒေါင်းညီနောင်စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ထူးလဲ၊ ဒု-စစ်ကြောင်းမှူး ကိုတာကိုလတ်အပါအဝင် စစ်ကြောင်းခေါင်း ဆောင်များက မြေပြင်တွင် တိုက်ပွဲဝင်နေသည့် တပ်ခွဲ ၁ မှ ရဲဘော်များကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲတွင် ဒေါင်းညီနောင်စစ်ကြောင်း၏ ရှေ့လုပ်ငန်းစဥ်များကို စစ်ကြောင်းခေါင်း ဆောင်များက...

နွားထိုးကြီးနှင့် မြင်းခြံ နယ်စပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၇ ရွာ ထက်မနည်း မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၆ ဦးကိုဖမ်းဆီး သတ်ဖြတ်၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁၁ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် နှင့် မြင်းခြံမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၇ ရွာ ထက်မနည်း မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၆ ဦးကိုဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇွန်လ ၅...

၀ိုင်းမော်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲသဖြင့် ဘုရားကျောင်းပျက်စီး

ရန်ကုန်၊ ဇွန် ၁၁ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ကချင်ဒေသသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ဇွန်လ ၁၀ ရက်နေ့မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန် ဝိုင်းမော်မြို့နယ်၊ သိမ်ကြီးစုရပ်ကွက်၊...

စစ်မှုထမ်းဥပဒေကြာင့် အတင်းအကျပ် စစ်ထဲဝင်ရသည့် လူငယ်များ၊ စစ်သားနှင့်ရဲများ CDM ဝင်လိုပါက ဆက်သွယ်ကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်

ရန်ကုန်၊ ဇွန် ၁၁ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အတင်းအကျပ် စစ်ထဲဝင်ရသည့်လူငယ်များနှင့် စစ်သား၊ ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံလိုပါက ဆက်သွယ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထပ်မံဖိတ်ခေါ်လိုက်သည်။ အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင်...

ပုလဲမြို့နယ်အတွင်းရှိ မီးဘေးသင့်ကျေးရွာ တစ်ရွာအတွက် မီးဖိုချောင်သုံး ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့

ရန်ကုန်၊ ဇွန် ၁၁ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ရှိ မီး ဘေးသင့် အိမ်ထောင်စု ၅၂ စုအတွက် မီးဖိုချောင်သုံး ပစ္စည်းအစုံ၊ စောင်၊ခြင်ထောင်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို အညာပစ်တိုင်းထောင်လေးများ အဖွဲ့က အလှူရှင်ကိုယ်စား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media...

စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁၁ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း ကင်းထောက်မြေပြင်သတင်း - ဝက်လက်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၁...

Latest news

- Advertisement -spot_img