30 C
Yangon
- Advertisement -spot_img

TAG

news

အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ် ယာယီရပ်နား

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ၁၆ ပဲရည်အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ်ရပ်နားထားကြောင်း ရန်ကုန်အခြေစိုက် ရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကမ္ဘာ့ရွှေစျေးထိုးတက်နေမှုကြောင့် မြန်မာ့ရွှေစျေးမှာလည်း လိုက်ပါမြင့်တက်ခဲ့ကြောင်း၊ လတ်တလော ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ...

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ကင်းပုန်းဝပ်နေသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ အုတ်တွင်းမြို့နယ်ရှိ ညောင်ခြေထောက်ရဲစခန်းတွင်လည်း ဗုံးကွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အုတ်တွင်းမြို့နယ်ရှိ ညောင်ခြေထောက်ရဲစခန်းတွင်လည်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးတွင်...

မြင်းခြံမြို့နယ်တွင် စစ်တပ်က နတ်ညွန်းရွာမှ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီး၊ စစ်ကိုင်းတွင်လည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ်များမီးလောင်ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၆ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က နတ်ညွန်းရွာမှ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်း ဖက်...

ဖားကန့်မြို့တွင် ယမန်နေ့ ရွေးကောက်ပွဲပြုလုပ်နေစဉ် အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်နေရာအများစုတွင် ရွေးကောက်ပွဲပျက်ပြယ်၊ ပြည်သူ ၉ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေစဉ် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပြီး ပြည်သူ ၉ ဦး ဒဏ်ရာရရှိကာ ရွေးကောက်ပွဲလည်း ပျက်ပြယ်သွားကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဖားကန့်မြို့တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်က အတုအ...

နတ်မောက်မြို့နယ်၊ စမ်းကုန်းရွာမှ သားအဖ ၂ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်

ရန်ကုန်၊ ဇန်နဝါရီ ၂၆ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စမ်းကုန်းရွာနေ သားအဖ ၂ ဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးနှိပ်စက်ပြီး ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ ဖျောက်ဖျက်ထားခဲ့ကြောင်း နတ် မောက်မြို့နယ်ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်...

ဆားလင်းကြီးနှင့် အထက်မင်းလှမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် တာဝတိံသာဘုန်းကြီး ကျောင်းတို့ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်း ဆောင် ကိုဗိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်...

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး မရရှိမှုမှာ တိုင်းရင်းသားလက်နက်ကိုင်များက မူးယစ်ဆေးဝါးနှင့်တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့်ဟု ဇော်မင်းထွန်းက အပြစ်တင်

ရန်ကုန်၊ ဇန်နဝါရီ ၂၆ မြန်မာနိုင်ငံတွင် နှစ် ၇၀ ကျော် ပြည်တွင်းပဋိပက္ခ ငြိမ်းချမ်းရေး မရရှိမှုမှာ တိုင်းရင်းသားလက်နက်ကိုင်များက မူးယစ်ဆေးဝါးနှင့်တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အပြစ်တင်ပြောဆိုသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့ ပြင်ဦးလွင် အနီးစခန်းလေဆိပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အကြမ်းဖက် ဇော်မင်းထွန်းက...

ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အနီး စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အနီး အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ...

မန္တလေးတွင် စစ်မှုထမ်းကြေး ကောက်ခံရာတွင် လက်နက်ပြ ခြိမ်းခြောက်ငွေညှစ်လာ၊ လှိုင်သာယာတွင် လူငယ်တချို့ကို သူခိုး၊ ခါးပိုက်နှိုက်ဟု အော်ဟစ်၀ိုင်းဖမ်းပြီး စစ်မှုထမ်းအဖြစ် ရောင်းစား

ရန်ကုန်၊ ဇန်နဝါရီ ၂၆ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ စင်္ကြာနွယ်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများက စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ပြည်သူများထံမှ သိန်းရာချီ ငွေညှစ် လက်နက်ပြခြိမ်းခြောက်မှုများ လုပ်ဆောင်လာကြောင်း ခြိမ်းခြောက်ခံနေရသည့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကျော်နှင့်နောက်လိုက် တင်ထွန်းတို့ ဦးဆောင်သည့်အဖွဲ့က ဧည့်စာရင်းစစ်မည်ဟု...

မလှိုင်၊ မြိုင်နှင့် မုန်းမြို့နယ်တို့တွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၇ ဦးထိခိုက် ဒဏ်ရာရကာ နေအိမ်များပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၆ မန္တလေးတိုင်း၊ မလှိုင်မြို့နယ် အနောက်ခြမ်း ရွာငွေ့ရွာသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၂၅...

Latest news

- Advertisement -spot_img