39 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: June, 2022

ရခိုင်ပြည်နယ်တွင် AA က တရားစီရင်ရေးစနစ် လည်ပတ်နေပုံကို ရုပ်သံဖိုင်နှင့် တကွ ထုတ်ပြန်၊ ဘူးသီးတောင်တွင်စပါးကောက်လှိုင်း ၇၀၀ ကျော်မီးရှို့ခဲ့သည့် ဖြစ် စဉ်ကို စတင် စိစစ် စစ်ဆေး 

ရန်ကုန်၊ ဇွန် ၂၉  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖြစ်ပွါးခဲ့သည့် ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒ(ကင်းဒါး)မွတ်ဆလင်​ကျေးရွာတွင် စပါးကောက်လှိုင်း ၇၀၀  မီးရှို့ခံခဲ့ရသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းနေသည့် ဗွီဒီယို တစ်ခု ကို ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ခြင်းဖြင့် AA က ရခိုင်ပြည် နယ် တွင် တရားစီရင်ရေးစနစ် လည်ပတ်နေကြောင်း ထုတ်ဖော်လိုက်သည်။  ယင်းဗွီဒီယိုသည် ၅ မိနစ်ခန့် ကြာမြင့်ပြီး ရက္ခိုင့်တပ်တော် (AA) ယူနီဖောင်း အပြည့် အစုံဝတ်ဆင်ထားသော မွတ်ဆလင် စစ်သားတစ်ဦးက မွတ်ဆလင် ဘာသာစကားဖြင့် ၎င်းဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် မွတ်ဆလင်အမျိုးသားတစ်ဦးကို မေးမြန်းထားသည်ကို တွေ့ရှိရသည်။ အဆိုပါဗွီဒီယိုဖိုင်ကို ရက္ခိုင့်တပ်တော် AA ၏ တရားဝင် Arakan Army Website က  ဇွန် ၂၈ ရက်နေ့ ညနေပိုင်းတွင်ထုတ်ပြန်ခဲ့သည်။  ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ည ၇ နာရီအချိန်ခန့်က  လယ် သမား ၂ ဦး ပိုင်ဆိုင်သော စပါးကောက်လိုင်းစည်း ၇၀၀ ခန့် တစ်ပြိုင်နက်တည်း မီးရှို့ခံလိုက်ရပြီး လယ်ပိုင်ရှင်များဖြစ်ကြသော  ဦးမာမောက်တွင်စပါး ကောက် လှိုင်းစည်း ၃၀၀၊ ဦးမူဂျီရင်မားတွင် စပါးကောက်လိုင်းစည်း ၄၀၀ ဆုံးရှုံးခဲ့သည်။  ယင်းအပြင် ၂၀၂၁ ခုနှစ်အတွင်း ဒီဇင်ဘာ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ်၊ ထိပ်ဝ ပြင်ကျေးရွာတွင် ရိတ်သိမ်းခြွေလှည့်စက်နှစ်လုံး မီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၁ ရက်နေ့က မြောက်ဦးမြို့နယ်၊ လောင်းကြက်ကျေးရွာတွင် ရိတ်သိမ်းထားသော စပါးပုံများ မီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၄ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ စည်မော် ကျေး ရွာ တွင် လယ်သမား ၃ဦး ပိုင်ဆိုင်သော ရိတ်သိမ်းပြီးသောစပါးများ တလင်း ပြင်တွင် မီးရှို့ခံရမှု စသည့်ဖြစ်စဥ်များ ဖြစ်ပွားခဲ့သည်။ အလားတူ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ နာဂရာကျေးရွာ အုပ်စု၊ ပေါက်တောမွတ်ဆင်ကျေးရွာတွင် တလင်းပြင်၌ စုပုံထားသော ကောက် လှိုင်း စည်း တစ်ထောင်ကျော်ခန့် မီးရှို့ခံရမှုနှင့် ဒီဇင်ဘာ ၂၀ ရက်နေ့ကမြောက် ဦး မြို့နယ်၊ မုချာကျေးရွာတွင် နွား ၅ ကောင် ဓားဖြင့် အခုတ်ခံရမှု စသည့် ဖြစ်စဥ်များ ဖြစ်ပွားခဲ့သည်။ ဓာတ်ပုံ-  ဇွန် ၂၈ ရက်နေ့ ရက္ခိုင့်တပ်တော် AA က တွေ့ဆုံမေးမြန်းနေသည်ကို တွေ့ရစဉ်။

ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်၏ ကျူးကျော်ထိုးစစ် ကြောင့်  ပြည်သူ ၁၆၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ၊ စစ်တပ်က ကျေး ရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း အပါအဝင် အရပ်ဘက်နေရာ များကို ပစ်မှတ်ထား တိုက်ခိုက် 

ရန်ကုန်၊ ဇွန် ၂၉ မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်က ထိုးစစ်များ ဆင်နွှဲ နေခြင်းကြောင့် ပဲခူးတိုင်း၊ ကျောက်ကြီး နှင့်မုန်းမြို့နယ်များတွင် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးက တရား ဝင်သတင်းထုတ်ပြန်သည်။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ နောင်ကုန်းကျေးရွာ၊  ရန်မျိုး အောင် ကျေးရွာနှင့် ကျောက်ကြီးမြို့နယ်ရှိ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင် ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကြို့ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလ ဗျင်း၊ အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း၊ စပ်လဲ၊ မတောကုန်း၊ ကျွဲချိုအင်း၊ လော်မူသော၊ လော်မူပယ်၊ ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီး၊ ရွှေသောင်၊ ထိပ်ပေါက်၊ ပတ္တလား၊ ကြိမ်တောမြောင်၊အုတ်မြေဒူး၊ ထန်းပင်ကုန်း၊ မမယမ်း(အထက်ပိုင်း)၊ မမယမ်း(အောက်ပိုင်း) စသည့် ကျေးရွာပေါင်း ၃၀ မှ လူဦးရေစုစုပေါင်း ၁၆၁၃၇ ဦး ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ရကြောင်း KNU က ပြောသည်။  ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့  အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက  ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျေးရွာပေါင်း ၁၁ ရွာမှ ကိုယ်ထူကိုယ်ထပညာရေး ကျောင်း များ ပိတ်သိမ်းကာ ရွေ့ပြောင်းတိမ်းရှောင်နေရကြောင်း၊  ထိုကျောင်း များ သည် ကျေးရွာသူကျေးရွာသားများက ကလေးများပညာရေးအတွက်  ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် ကျောင်းများဖြစ်ကြောင်း၊  အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ထိုသို့သောလုပ်ရပ်များကြောင့် ထိုကျေးရွာ များ မှကျောင်းနေအရွယ် ကလေးသူငယ်များအတွက်  ကြိုးစားတည် ထောင် ထား သော ပညာရေးလုပ်ငန်းအား ရပ်တန့်စေခြင်းသည် လူ့အခွင့်အရေးကို ပီပီ ပြင်ပြင် ချိုးဖောက်နေခြင်းဖြစ်ကြောင်း KNU က ပြောသည်။  အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး များ ပစ်ခတ်မှုကြောင့် ရွေ့ပြောင်းတိမ်းရှောင်နေရသည့် ကျေးရွာများဖြစ်သော ကျွန်း ကုန်း၊ ဝက်လာတော၊ အုတ်မြေဒူး၊ ကြိမ်တောမြောင်၊ ပတ္တလား၊ပေါက် သတော၊ ထိုက်ထူ၊ စောမူသဲ၊ မမယမ်း၊ သောင်ပု၊ ကျွဲတလင်းစသည့် ကျေးရွာ  ၁၁ ရွာတွင် ကိုယ်ထူကိုယ်ထကျောင်း တည်ထောင်ထားပြီး ကျောင်းသားဦးရေ စုစု ပေါင်း(၄၇၆)ဦး ရှိကြောင်း သိရှိရသည်။  ထို့ပြင် ဇွန်လ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများကို ကျေးရွာများမှ ထွက်ခွာရန် မောင်းထုတ်ခြင်းကြောင့် ဝဲလဗျင်းကျေးရွာအနီး၌ အာဏာသိမ်း စစ်ကောင်စီနှင့်  ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား ထိပ် တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက်နံနက် (၈)နာရီ ခွဲအချိန်တွင် အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သည် ခလရ(၆၀)တပ်ရင်းမှ ကျောက်ကြီးမြို့ မေတ္တာရပ်ကွက်တွင် ဒရုန်းဖြင့်လက်နက်ကြီး ပစ်ချခဲ့ရာ    အရပ်သား ပြည်သူ အသက် ၃၀ နှစ်ရှိ  နော်အယ်စေးဖော၏ ဘယ်ဘက် လက်မောင်းတွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စပ်လဲကျေးရွာအနီးရှိ စောပန်းသီး ၏ တဲကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက မီးရှို့ဖျက် ဆီးခဲ့သည်ဟု KNU က ပြောသည်။  KNU  ညောင်လေးပင်ခရိုင်၏ စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း အာဏာသိမ်း အကြမ်း ဖက် စစ်ကောင်စီမှ နယ်မြေကျူးကျော်ဝင်ရောက်လာခြင်းကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန်တာဝန်ရှိသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တို့နှင့် ထိပ်တိုက် တိုက်ပွဲဖြစ် ပွားပြီးနောက်အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ စတင်ကျူးကျော် လှုပ်ရှားသည့် ဇွန်လ(၂၄)ရက်နေ့မှ ယနေ့အချိန်အထိ ပြည်သူလူထုနေထိုင်ရာ ဒေသသို့ နေ့ညမပြတ် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်လျက်ရှိ ကြောင်းKNU က ဆိုသည်။

အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက် 

ရန်ကုန်၊ ဇွန် ၂၉  ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၄၇၅ ရက်မြောက်နေ့အဖြစ် ယနေ့ ဇွန် ၂၉ ရက်တွင် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်ခဲ့ကြသည်။

ရဲတံခွန် သဘာဝဓါတ်ငွေ့စီမံကိန်းမှ ရေနံကုမ္ပဏီများ တာဝန်မဲ့ထွက်ခွာသွား၊ Gulf Petroleum Myanmar ကိုလုပ်ငန်းရှင်သစ်အဖြစ် အကြမ်းဖက်စစ်ကောင်စီ ခန့်အပ် 

ရန်ကုန်၊ ဇွန် ၂၉ မြန်မာစစ်ကောင်စီဟာ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကို တာဝန်ယူ ကြီးကြပ်လုပ်ကိုင်မယ့် ကုမ္ပဏီအဖြစ် Gulf Petroleum Myanmar (GPM) ကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သိရှိရကြောင်း Justice For Myanmar ကထုတ်ပြန် ပြောဆိုလိုက်ပါတယ်။  Petronas နဲ့ မိတ်ဖက်တွေရဲ့ ခုလိုတာဝန်မဲ့ ရုပ်သိမ်းထွက်ခွာတဲ့လုပ်ရပ်က အကြမ်းဖက် မြန်မာစစ်အုပ်စုအတွက်အခွန်ဝင်ငွေရင်းမြစ် ဆက်လက် ပေးအပ်နေရာရောက်ပြီး၊ မကြာခင် ကုန်ခမ်းတော့မယ့် ဒီဓါတ်ငွေ့တွင်းကို ပိတ်သိမ်းတဲ့အခါ ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်လို့JFM က ဆိုပါတယ်။ PTTEP နဲ့ ENEOS တို့ ပေါင်းထားတဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Nippon Oil Exploration (Myanmar) နဲ့ မိတ်ဖက်သဘောတူညီချက် တစ်ရပ်အရ Petronas ဟာ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းရဲ့ လက်ရှိကြီးကြပ် လုပ်ကိုင်ရတဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဒီစီမံကိန်းကနေ တာဝန်ယူမှုအပြည့်နဲ့ နှုတ်ထွက်ပေးကြဖို့Friends of the Earth Japan, Justice For Myanmar နဲ့ Mekong Watch တို့က အကြိမ်ကြိမ် တောင်းဆိုတိုက်တွန်းခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ တာဝန်ယူမှုအပြည့်နဲ့ နှုတ်ထွက်တယ်ဆိုတာမှာ အကြမ်းဖက် မြန်မာစစ်အုပ်စုဆီကို အခွန်ဝင်ငွေတွေ အနာဂတ်မှာမစီးဆင်းအောင် သေသေချာချာစီစဉ်ဖို့နဲ့ လက်ရှိ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကိုရှောင်ရှားနိုင်မယ့် နည်းလမ်းတွေနဲ့ ဓါတ်ငွေ့တွင်းကို ပိတ်သိမ်းဖို့ သင့်လျော်တဲ့ နည်းလမ်းအဆင့်ဆင့်နဲ့ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့ကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တစိုက်မတ်မတ် တောင်းဆိုမှုတွေကိုလည်း လျစ်လျူရှုခဲ့ကြပြီး ဒီနေ့အချိန်အထိ ဥရောပသမဂ္ဂ တဖွဲ့တည်းကသာ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ခဲ့တယ် လို့လည်း ဆိုပါတယ်။ Gulf Petroleum Myanmar (GPM) က ဘယ်သူလဲ? ============= GPM ကုမ္ပဏီဆိုတာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာရဲ့ စီးပွားရေးလုပ်ငန်း ဒါရိုက်တာအဖွဲ့မှာအုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ချာဗလစ် ယောင်ချိုင်ယုရဲ့ အကြံပေးဖြစ်ခဲ့တဲ့ ထိုင်းသူဌေးကြီး ချတ်ချိုင်း ယမ်ဘန်ရွန်းက ကျောထောက်နောက်ခံ ပေးထားတဲ့ ပုဂ္ဂလိက ရေနံနဲ့ဓါတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။  အဆိုပါ ကုမ္ပဏီဟာ စင်ကာပူနိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတို့မှာ စီးပွါးရေးလုပ်ငန်းတွေရှိတဲ့ Northern Gulf Petroleum group ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ယမ်ဘန်ရွန်းရဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုနဲ့ စီးပွါးရေးဆက်နွယ်မှုဟာ ၁၉၉၅ ခုနှစ် အစောပိုင်းကာလMyanmar Yellow...

မုံရွာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် “မုဆိုးခြေထောက် ဆူးမကြောက်ဘူး။ စစ်ဖိနပ်အောက် ဒူးမထောက်ဘူး” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ 

ရန်ကုန်၊ ဇွန် ၂၉ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့ပေါ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင်  "မုဆိုးခြေထောက် ဆူးမကြောက်ဘူး။ စစ်ဖိနပ်အောက် ဒူးမထောက်ဘူး" ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ချေမှုန်းရေး  ယနေ့ ချီတက် ဆန္ဒပြကြသည်။ မုံရွာလူငယ်များအစည်းအရုံး၊မုံရွာအခြေခံပညာကျောင်းသားသမဂ္ဂနှင့်မုံရွာတော်လှန်လူငယ်များပူးပေါင်း၍ မုံရွာမြို့၏ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် "မုဆိုးခြေထောက် ဆူးမကြောက်ဘူး။ စစ်ဖိနပ်အောက်၊ ဒူးမထောက်ဘူး" စာသားကိုကိုင်ဆောင်ကာ စစ်အာဏာရှင်အလိုမရှိကြောင်း ချီတက်သပိတ် မှောက်ကြခြင်းဖြစ်သည်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးသစ် Penny Wong ထံသို့ NUG ကို အသိ အမှတ်ပြုရေး၊ စစ်အုပ်စုကို အရေးယူရေး၊ စစ်တပ်အားပေး အာဆီယံ မူဝါဒကို အသိအမှတ်မပြုရေး အပါအဝင် အချက် ၁၅ ချက်  အရပ်ဘက်အဖွဲ့၆၈၈ ခုက တောင်းဆို 

ရန်ကုန်၊ ဇွန် ၂၉ ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူ  Penny Wong ထံသို့ NUG ကို အသိအမှတ်ပြုရေး၊ စစ်အုပ်စုကို ဒဏ်ပိတ်ဆို့ရေး အပါအဝင် အချက် ၁၅ ချက် ကို မြန်မာနှင့်ဒေသတွင်းနိုင်ငံတကာ အရပ်ဘက်အဖွဲ့ ၆၈၈ ခုကယနေ့  တောင်းဆိုလိုက်ကြသည်။  မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၈၈ ဖွဲ့က သင့်အား နိုင်ငံခြားရေးဝန်ကြီးအဖြစ်ရာထူးခန့်အပ်ခြင်းကို ကြိုဆို ထောက်ခံ ကြောင်းနှင့် အစိုးရအဖွဲ့တွင် ပါဝင်သည့်အခါ မြန်မာပြည်သူလူထုနှင့်အတူတကွ ခိုင်မာပြီး တည်တံ့သော ဆက်ဆံရေးဖော်ဆောင်ရန် ဩစတြေးလျ လုပ်သား ပါတီ (Australian Labor Party) ၏ ကြိုးပမ်းအားထုတ်မှုကို အလေးထား အသိအမှတ်ပြုပါကြောင်း အိတ်ဖွင့်ပေးစာတွင် ပထမဦးစွာဖော်ပြထားသည်။  ဩစတြေးလျအနေဖြင့် မြန်မာ့ဒီမိုကရေစီ အရေးအပေါ် တိုက်ရိုက် တိုက်ခိုက်မှု ကို ဘေးမှရပ်ကြည့်မနေသင့်ကြောင်း သင်၏ ယခင် မှတ်ချက်များနှင့် ဩစ တြေး လျ အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် မားမား မတ်မတ် ရပ်တည်ပြီး ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ရန် သင်၏ တိုက်တွန်း တောင်းဆိုချက်ကိုလည်း ဂရုပြုမိပါကြောင်း ၊အရှေ့တောင် အာရှ ရေးရာ အထူးသံတမန် ခန့်အပ်ရန်၊ အရှေ့တောင်အာရှဒေသတွင်းသို့ အကူအညီ များ တိုးချဲ့ပေးပို့ရန်နှင့် “First Nations Foreign Policy” ကို အကောင် အထည် ဖော်ရန်ဩစတြေးလျနိုင်ငံ အစိုးရ၏ ကြိုးစားအားထုတ်မှုကိုလည်း အသိ အမှတ်ပြုကြောင်း အရပ်ဘက်အဖွဲ့များက ဆိုကြသည်။  လက်ရှိ တရားမဝင်စစ်အုပ်စု၏ ထိတ်လန့်စို့းရွံ့ဖွယ်ရာ ခြိမ်းခြောက်မှုကို ခံနေရ သော မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုများ၊ အသက်မွေးဝမ်းကြောင်း ရပ်တည် လှုပ် ရှား မှုများနှင့် ထိရှပျက်စီးလွယ် ဂေဟစနစ်များကို ကာကွယ်စောင့်ရှောက် ရန် နှင့် လူသားအားလုံးအတွက် လူ့အခွင့်အရေးများ ထိန်းသိမ်းကတိပြုသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တစ်ခုအတွက် ရုန်းကန်ကြိုးပမ်း နေကြ သည့်  အသံများ၊ ရပ်တည်တောင်းဆိုချက်များကိုနားဝင်ကြား သိစေရန် အတွက် ယခုအိတ်ဖွင့်ပေးစာကို ရေးသားရခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု မှစတင်ပြီး တရားမဝင် စစ်အုပ်စုသည် နေရာအနှံ့မှ လူထုလူတန်းစား အရပ် ဘက် အင်အားစုအသီးသီးက ခုခံတော်လှန်ကြသည့် မြန်မာပြည် သူလူထု အပေါ် အကြမ်းဖက်စစ်ပွဲ ဆင်နွှဲလျက်ရှိကြောင်း၊  စစ်အုပ်စုသည် ပြည်သူ လူထုအပေါ် တိုက်ခိုက်ခြင်းများနှင့် တရားလက်လွတ် ပစ်ခတ် တိုက်ခိုက် ခြင်း များအပါအဝင် လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၀,၀၀၀  ကျော် ဆင်နွှဲခဲ့ပြီး ပြည်သူဦးရေ ၂,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်သည်ဟု အခြေအနေကို ရှင်းပြထားသည်။  အာဏာသိမ်း ကြိုးပမ်းချိန်ကစပြီး နိုင်ငံတဝန်းစစ်အုပ်စု၏ သွေးအေးအေး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ၊သတ်ဖြတ်မှုများ၊  ညှဉ်းပန်းနှိပ်စက်မှုများ၊ မုဒိန်းကျင့်မှုများ၊ ကျေးရွာ အိုးအိမ်နှင့် စားနပ်ရိက္ခာများ မီးရှို့ဖျက်ဆီးမှုများ ကြောင့် ပြည်သူပေါင်း ၄၄၀,၀၀၀ ခန့်သည် အိုးပစ်အိမ်ပစ် ထွက်ပြေးရသည့် အဖြစ်သို့ ရောက်ရှိခဲ့ရကြောင်း၊၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလ အတွင်း မှာပင် စစ်ကိုင်းတိုင်းအတွင်းရှိ အိမ်ခြေပေါင်း ၅,၆၀၀ ကျော်ကို စစ်အုပ်စု တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊  စစ်အုပ်စု၏ ရာဇဝတ်မှုများသည် စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်ပြီး၊ ဤရာဇဝတ်မှုများကို စစ်ကောင်စီသည် အပြစ်ပေးဒဏ်ခတ် အရေးယူခံရခြင်း အလျဉ်းမရှိပဲ ကျူးလွန်ခွင့် ရနေကြောင်း ရှင်းပြသည်။  စစ်အုပ်စုက ဖျက်ဆီးခဲ့သဖြင့် နိုင်ငံ့စီးပွားရေးသည် ၃၀ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး စားနပ်ရိက္ခာမလုံခြုံမှု (မလုံလောက်မှု) ဆိုးဆိုးရွားရွားကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ကြောင်း၊ စစ်အုပ်စုသည် ကြေးနန်း ဆက်သွယ်ရေးကိုလက်နက် သဖွယ်အသုံးပြုခဲ့ပြီး နိုင်ငံ၏ နေရာအနှံ့အပြားတွင် အင်တာနက် ဖြတ် တောက်ခြင်း၊ သတင်းရင်းမြစ်များကို တားဆီးပိတ်ပင်ခြင်းနှင့် ပြည်သူများကို စောင့်ကြည့် ပစ်မှတ်ထားခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း၊ ဂျာနယ်လစ်များအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ နာမည်ဖျက်ခြင်း နှင့် အမုန်းစကားများ၊သတင်းအမှားများ ဖြန့်ဝေခြင်းတို့ဖြင့် ပစ်မှတ်ထား တိုက် ခိုက် ခဲ့ကြောင်း ဝေဖန်ထောက်ပြထားသည်။  အာဆီယံသည် စစ်အုပ်စုအကြမ်းဖက်မှုများတွင် ကြံရာပါ ပါဝင်ပတ်သက်နေပြီး စစ်အာဏာ သိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစ၍ အာဆီယံသည် မြန်မာပြည်သူ လူထု ၏ အသံများကို လျစ်လျူရှုခဲ့ပြီး စစ်အုပ်စု တရားဝင်ဖြစ်ရေးကိုဆက်လက် လုပ်ဆောင်ခဲ့ကြောင်း၊ အာဆီယံ၏ အောင်မြင်မှုမရှိသော ဘုံသဘောတူညီချက် ငါးချက်သည်တရားမဝင် စစ်အုပ်စု တစ်ဖွဲ့တည်းနှင့်သာ ဆွေးနွေး သဘော တူညီခဲ့ကြခြင်း ဖြစ်သည့်အပြင်၊ ယင်းတို့ကိုအကောင်အထည်ဖော်ရန် ဂတိ ကဝတ် များကိုလည်း စစ်အုပ်စုဖက်က ပျက်ကွက်ခဲ့ကြောင်း၊ အာဆီယံသည်အစည်းအဝေးပွဲများ၊ အခမ်းအနားများ၊ စစ်ရေးလေ့ကျင့်မှုများသို့  စစ်အုပ်စုကို ထပ်ကာတလဲလဲ ဖိတ်ကြား တက်ရောက်စေခဲ့ကြောင်း ပြောဆိုသည်။  ထို့အပြင် စစ်ရာဇဝတ်ကောင်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေး လျ နိုင်ငံတို့နှင့် ထိတွေ့ ဆက်ဆံနိုင်စေရန် အာဆီယံက အကာအကွယ်ပေးခဲ့ပြီး၊ ယင်းသည် ဩစတြေးလျနိုင်ငံ၏ အမည်ကို အလွဲသုံးစားပြု၍ရာဇဝတ်မှုများ ပြုလုပ်နိုင်ရန်အတွက် စစ်အုပ်စုအား ပိုမိုအတင့်ရဲစေခဲ့ကြောင်း၊  မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံအထူးသံတမန်သည်လည်း တရားမဝင် စစ်အုပ်စု၏ သဘော ဆန္ဒအပေါ် နာခံလိုက်လျောလျက် ရှိပြီးမြန်မာနိုင်ငံ၏ တရားဝင် အစိုးရ ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် ပျက်ကွက် လျက် ရှိကြောင်း ရှင်းလင်းပြောဆိုထားသည်။  အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပူးပေါင်း ဆောင်ရွက်ရေး စင်တာ (AHA Centre) သည် သဘာဝဘေး အန္တရာယ် ကြောင့် ဖြစ်သည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအခြေအနေများအတွက် အစိုးရအချင်းချင်းကြား စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဩစတြေး လျ နိုင်ငံသားများ၏ အခွန်ဘဏ္ဍာငွေများဖြင့် ပံ့ပိုးထားကြောင်း၊  AHA စင်တာ ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများဖြန့်ဝေပေးရန် ပင်မ မိတ်ဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် စစ်အုပ်စုသည် လက်ရှိပဋိပက္ခတွင် အဓိကရန်လိုသူ၊ ပြစ်မှုကျူးလွန်သူ ဖြစ်နေသည့်အတွက်  လက်ရှိ အခြေ အနေကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် စွမ်းဆောင်ရည်မရှိသည်ကို သိရှိရန် ပြောဆို ထားသည်။   စစ်အုပ်စုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက် သဖွယ် အသုံးပြုခွင့် ပေးခြင်းဖြင့် ပြည်သူလူထု အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ခြင်း ဖြစ်စေသော အကြမ်းဖက်မှုများ၏ အဓိကကျူးလွန် သူဖြစ်သည့် စစ်အုပ်စုကို တရားဝင်မှု သာမက နည်းဗျူဟာအရ၊ နိုင်ငံရေးအရ  အခွင့်အရေး ပေးရာရောက်ပြီး  မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ပိုမိုဆိုးရွား လာစေကြောင်း၊  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ တစ်ခုချင်းစီနှင့် သီးခြားတွေ့ဆုံပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံရန် ပျက်ကွက်သည့် AHA စင်တာ ၏ သွေးခွဲဆက်ဆံသော ချဉ်းကပ်မှုပုံစံကို  အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်ပယ်ချကြောင်း အိတ်ဖွင့်ပေးစာတွင် ပြောဆိုထားသည်။  ယခင်မော်ရစ်ဆင်အစိုးရသည် ဩစတြေးလျနိုင်ငံ၏ စံနှုန်းများနှင့် ဒီမိုကရေစီ နှင့်လူ့အခွင့်အရေးဆိုင်ရာကတိကဝတ်များကို လေးစားလိုက်နာကျင့်သုံးရန် ပျက်ကွက်ခဲ့သည်မှာ ရှက်ဖွယ်ရာအတိဖြစ်ကြောင်း၊ ရှေ့ယခင်ဝန်ကြီးသည် မြန်မာစစ်အုပ်စုကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်၊ တာဝန်ခံ မှုအတွက် နိုင်ငံတကာကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်ရန်၊ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ်နှင့်အမျိုးသား ညီညွတ်ရေး အတိုင်ပင် ခံကောင်စီ (NUCC) ကို မြန်မာနိုင်ငံ၏ အမြင့်ဆုံးအတိုင် ပင်ခံ အဖွဲ့ အစည်းအဖြစ် အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ကြောင်း ဝေဖန်ထောက် ပြထား သည်။   ထို့အပြင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုကို နှစ်နိုင်ငံနှင့်နိုင်ငံစုံ ထိတွေ့ ဆက်ဆံမှုများမှတစ်ဆင့် တရားဝင်အသိအမှတ်ပြုသည့် လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေကြောင်း၊  ဩစတြေးလျနိုင်ငံ၏ Future Fund သည်မြန်မာစစ်အုပ်စုကို စစ်လက်နက်နှင့် အမြတ်အစွန်းများ ပေးနေသည့် စီးပွားရေး လုပ်ငန်းများတွင် ဆက်လက်ရင်းနှီးမြုပ်နှံထားကြောင်း၊  မြန်မာ နိုင်ငံ ကို ချေမှုန်းဖျက်ဆီးနေသည့် စီးပွားရေးလုပ်ငန်းများမှ အမြတ်ထုတ် နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်  ဩစတြေးလျနိုင်ငံ၏ မြန်မာ့အရေးအတွက် လက်ရှိ ဦးတည်ရာလမ်းကြောင်းပြောင်းလဲပါရန် အချက် ၁၅ ချက်တောင်း ဆိုပါကြောင်း အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။  အရပ်ဘက်အဖွဲ့များ တောင်းဆိုသော အချက် ၁၅ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။  ၁။ မြန်မာအာဏာသိမ်းစစ်အုပ်စု၊ ၎င်း၏စီးပွားရေးလုပ်ငန်းများနှင့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူအားလုံးကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ် ပေးရန်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အနေဖြင့် လည်းကောင်း၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အား အမြင့်ဆုံး အတိုင်ပင်ခံ အဖွဲ့အစည်းအနေဖြင့်လည်းကောင်း အသိအမှတ်ပြု ထောက်ခံအားပေးရန်။ ၃။ တရားမဝင်စစ်အုပ်စု၏ ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ခန့်အပ်မှုကို ပယ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သံအမတ် ခန့်အပ်မှုကို လက်ခံပေးရန်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) များနှင့် တိုင်ပင်၍ ယုံကြည်စိတ်ချရသော ပြည်တွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများမှ တစ်ဆင့် ဩစတြေးလျနိုင်ငံက ပေးအပ်သောအကူအညီများကို နယ်စပ်ဖြတ်ကျော် ဖြန့်ဝေ ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကျပ်အတည်းအတွက် ပံ့ပိုးကူညီမှုများ ပိုမို ပြုလုပ်ရန်။ ၅။ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုများအတွက် တာဝန်ခံမှု အပြည့်အ၀ ရရှိရန်အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံအပေါ် တရားစွဲထားသည့်အမှုတွင် ပါဝင် ဆောင်ရွက်ရန်။ ၆။ စစ်အုပ်စုအတွက် ၀င်ငွေရင်းမြစ်ဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးစု အသိုင်းအဝန်းများနှင့်သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်ခြိမ်းခြောက်နေသည့် သတ္ထုတွင်းထွက်များ ရှာဖွေခြင်းနှင့် တူးဖော် ခြင်းများကိုဩစတြေးလျ သတ္တုတွင်းကုမ္ပဏီများက ဆက်လက် လုပ်ဆောင်ခြင်းမှ တားဆီးအရေးယူဆောင်ရွက်ခြင်းများပြုလုပ်ရန်။ ၇။ မြန်မာအာဏာသိမ်းစစ်အုပ်စု၊ ၎င်း၏ခရိုနီများနှင့် စီးပွာရေးလုပ်ငန်းလုပ်ခြင်းမှ ရှောင်ရှားနိုင်ရန် ဩစတြေးလျစီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြုပ်နှံသူများအတွက် အကြံပေးတစ်ဦး ထားရှိ ခန့်အပ်ရန်။ ၈။ အာဏာသိမ်းစစ်အုပ်စုကို စစ်လက်နက်နှင့် ဝင်ငွေအမြတ်အစွန်းများ ပံ့ပိုးပေးနေသည့် စီးပွားရေးလုပ်ငန်းများအားလုံးမှ Future Fund ၏ ရင်းနှီးမြုပ်နှံမှု ရပ်ဆိုင်းစေရန်။ ၉။ မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ အရေးယူမှု ချမှတ်ရေးနှင့် မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းရန်။ ၁၀။ မြန်မာ့အရေးအား အရေးယူရန်ပျက်ကွက်မှုအပေါ် အာဆီယံ၏ နောက်ကွယ်တွင် ဆင်ခြေပေး ပုန်းကွယ်နေခြင်းကို ရပ်တန့်ရန်။ ၁၁။ မြန်မာအာဏာသိမ်းစစ်အုပ်စုကို အစည်းအဝေးများ၊ အစီအစဉ်များနှင့် စစ်ရေးလေ့ကျင့်မှုများ အားလုံးမှဖယ်ထုတ်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို အသိအမှတ်ပြုရေး၊ စစ်အုပ်စု ကိုယ်စားလှယ်များ တက်ရောက်မည့် အစည်းအဝေးပွဲများအားလုံး ဆန့်ကျင်သပိတ်မှောက်ရေး အာဆီယံကို တိုက်တွန်းရန်။ ၁၂။ မြန်မာပြည်အကျပ်အတည်းအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခြေခံမူများကို လိုက်နာသည့် တာရှည်ခံ၍ ခိုင်မြဲသော အစားထိုးအဖြေကို ရှာဖွေရန် ဘုံသဘောတူညီချက် ငါးချက်ကို ကျော်လွန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အတူလက်တွဲ အလုပ်လုပ်ရန်။ ၁၃။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အတိုင်ပင်ခံအစည်းအဝေးတွင် ချမှတ်ပြီး ဖြစ်သော အာဏာသိမ်းစစ်အုပ်စုကို အကူအညီများ ဖြန့်ဝေပေးရေးတွင် ထိန်းချုပ်ခွင့်ပေးသည့် ဆုံးဖြတ်ချက်ကို ပြန်လည် ရုတ်သိမ်းရေး အာဆီယံအားတိုက်တွန်းရန်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများအတွက် အာဆီယံ၏ ပူးပေါင်း ဆောင်ရွက်ရေးစင်တာ (AHA Centre)၏ သွေးခွဲဆက်ဆံသည့် ချဉ်းကပ်ပုံကို ရပ်တန့်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်း မှုကို စတင်ရန်။ ဤအချက်များအား အာဆီယံက လုပ်ဆောင်ရန် ပျက်ကွက်ပါက မြန်မာ့အရေး အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA Centre) ကိုပေးအပ်လျက်ရှိသော အကူအညီနှင့် နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့များ ရပ်ဆိုင်းရန်။ ၁၄။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြေရှင်းရာတွင်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ကုလသမဂ္ဂနှင့် အာဆီယံ ပူးပေါင်းဆောင်ရွက် နိုင်ရေး အာဆီယံအထူးသံတမန်၊ ကုလသမဂ္ဂအထူးသံတမန်တို့နှင့်ထိတွေ့ဆက်ဆံနိုင်ရန် ဩစတြေးလျနိုင်ငံ၏ အရှေ့တောင်အာရှဆိုင်ရာ အထူးသံတမန် တာဝန်ပေး ခန့်အပ်ရန်။ ၁၅။ Quad အဖွဲ့ဝင် ဂျပန်နှင့် အိန္ဒိယတို့က စစ်အုပ်စုနှင့် စီးပွားရေးလုပ်ကိုင်နေမှုကို ချက်ချင်း ရပ်တန့်ရေး၊လက်နက်ရောင်းချမှု ပိတ်ဆို့ရေးနှင့် စစ်အုပ်စုအတွက် စစ်ရေးပံ့ပိုးမှု အားလုံးကို အဆုံးသတ်ရေး တိုက်တွန်းရန်။Quad သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အစိုးရအဖြစ်နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို  မြန်မာနိုင်ငံ၏ အမြင့်ဆုံးအတိုင်ပင်ခံအဖွဲ့အဖြစ် အသိအမှတ်ပြုထောက်ခံရန်။
00:07:04

Khit Thit သတင်းဌာန၏ ဇွန် ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၉ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-မြိုင်မှအမျိုးသမီးတစ်ဦးခေါင်းဖြတ်သတ်ခံရတဲ့ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပြန့်နှံနေပြီး PDFကလုပ်တဲ့ပုံစံမျိုး စစ်တပ်ထောက်ခံသူတွေကနေ ဝါဒဖြန့်ချိနေတယ်လို သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုနယ်၊ ယာကြီးတောကျေးရွာကို စစ်တပ်နဲ့ ပျူစောထီးတွေက ဇွန်လ ၂၈ ရက်နေ့မှာ ၅ ကြိမ်မြောက် မီးရှိဖျက်ဆီးခဲ့တယ်လို ချောင်းဦးဆရာတော်ဦးနန္ဒက...

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဥကရစ်ထစခန်းကို အင်အားဖြည့်တင်းလာပြီး ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဆက်လက်ပြင်းထန်

ရန်ကုန်၊ ဇွန် ၂၉ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ ဥကရစ်ထ စစ်ကောင်စီခြေကုတ်စခန်းကို KNLA၊ KNDO ပူပေါင်းတပ်ဖွဲ့က ၃ ရက်ဆက်တိုက်တိုက်ခိုက်နေခဲ့ပြီး ယနေ့ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ဥကရစ်ထခြေကုတ်စခန်းကို ဇွန်လ ၂၆ ရက်နေ့နံနက်တွင် KNDO...

လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီးမှာ မြိုင်မြို့နယ်မှ မနန္ဒာဖြစ်ပြီး  CDM ရဲတပ်သား ဇော်လင်းအောင် လွတ်မြောက် စေရန် ကူညီပေးသည့်အတွက် စစ်တပ်နှင့် ပျူစောထီးက မနန္ဒာကို ခေါင်းဖြတ် သတ်ခဲ့  

By ရန်ကုန်ခေတ်သစ် ယခုရက်ပိုင်းအတွင်း လူမှုကွန် ရက်များတွင်  အမျိုးသမီး တစ်ဦးကို‌ ခေါင်းဖြတ် သည့် ဗီဒီယိုဖိုင် ပြန့်နှံ့နေပြီးစစ်တပ်ထောက်ခံသူများက အမျိုး သမီး တစ်ဦးကို PDF များ၏  ခေါင်းဖြတ် သတ်သည့် လုပ်ရပ်ဟု ဝါဒဖြန့်လျက်ရှိနေသည်။  အမှန်တကယ် လက်တွေ့တွင် အဆိုပါဗီဒီယိုထဲတွင် ခေါင်းဖြတ်ခံရသူ အမျိုး သမီး မှာ မြိုင်မြို့နယ်၊ ကြံစိမ့်ကြီးကျေးရွာမှ လမ်းခင်းကျောက် လုပ်ငန်း လုပ် ကိုင်သူ မနန္ဒာ (ရန်ကုန်မှ ခဏပြန်လာသူ) ဖြစ်ပြီး ၎င်းသည် သရက်မြို့မ ရဲ စခန်းမှ CDM ရဲတပ်သား ဇော်လင်း အောင် ထွက်ပြေး လွတ်မြောက်စေရန် ကူညီ ဖေးမ ခဲ့သူ ဖြစ်သည်။  စစ်တပ်၊ ရဲနှင့် ပျူစောထီးများက CDM ရဲတပ်သား ဇော်လင်းအောင်ကို ကူညီ ပေးမှုဖြင့် မနန္ဒာကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် ခေတ်သစ် က စုံစမ်း သိရှိရသည်။  ယင်းအခြေအနေများနှင့်ပတ်သက်ပြီး မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။  မေး။       ။ ခေါင်းဖြတ်သတ်တဲ့ဖြစ်စဉ် မြိုင်မှာဖြစ်တာလား။ အသတ်ခံ ရတဲ့ အမျိုးသမီးက ဘယ်သူလဲ။ ဘာကြောင့် အသတ်ခံရတာလဲ။   ဖြေ။      ။ ဒီကိစ္စ မြိုင်မှာ ဖြစ်တဲ့ကိစ္စ မှန်ပါတယ်။ မြိုင်မြို့နယ်၊ ကြံစိမ့်ကြီး ကျေးရွာအုပ်စု၊ ကြံစိမ့်ကြီး ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ကိစ္စပါ။ ရှင်မတောင် တောင် ခြေအနီးမှာ ကြံစိမ့်ကြီးကျေးရွာအုပ်စု ကြံစိမ်းကြီး ကြံစိမ့်လေး၊ တောင်ကြား ဆိုတဲ့ ရွာ ၃ ရွာရှိတယ်။  ပခုက္ကူ တပ်မ ၁၀၁ နဲ့ မြိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ကြံစိမ့်ကြီးကျေးရွာကို ရောက်ရှိလာပြီးတော့ CDM လုပ်တဲ့ ရဲတပ်သား ဇော်လင်းအောင်ကို လိုက်လံ ရှာ ဖွေရာမှာ CDM ရဲ ဇော်လင်းအောင် ထွက်ပြေးတာကို လက်ခံ ကူညီပေးတဲ့ အတွက်  ကျေးရွာသူ လမ်းခင်းကျောက်ထုတ်လုပ်ငန်းလုပ်သူ မနန္ဒာ (ရန်ကုန်မှ ခဏ ပြန်လာသူ)ကို  မေးမြန်းပြီး ခေါင်းဖြတ်သတ်ဖြတ်တယ်။   CDM လုပ်တဲ့ ရဲတပ်သားဇော်လင်းအောင်က သရက်မြို့မရဲစခန်းက ရဲ။ ဇာတိ က မြိုင်က ။ အဲဒါ CDM လုပ်ပြီးမြိုင်ကို ပြန်လာတာ။ အဲဒါကို ရန်ကုန်ကနေ ပြန်ရောက်လာတဲ့ မနန္ဒာက ရဲတပ်သား  လွတ်သွားအောင် ကူညီပေးလိုက် တယ်။   အဲဒီအမှုနဲ့ စစ်ဆေးမေးမြန်းမှုမရှိဘဲနဲ့  တပ်နဲ့ပါလာတဲ့ ပျူစောထီးတွေက မကျေ နပ် ချက်နဲ့ စွပ်စွဲပြီးတော့ မနန္ဒာကိုခေါင်းဖြတ် သတ်တာ။  နောက်လူ တွေ မလုပ်ရဲအောင် အကြောက်တရားနဲ့ လုပ်ပြသွားတာ။  ခေါင်းဖြတ် သတ်တဲ့သူတွေက တပ်မ ၁၀၁၊ မြိုင်ရဲစခန်း ပူးပေါင်းထားတဲ့ ရှင်မတောင်ဆရာတော် (မဘသ) ခေါင်း ဆောင်တဲ့ ပျူစောထီး(ခေါ်) ပြည်သူ့စစ်တွေက အဲဒီလို သတ် သွား တာပါ။ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မှာ ဖြစ်တာပါ။  မေး။        ။ မနန္ဒာကို ခေါင်းဖြတ်သတ်တာကို စစ်တပ်ဘက်က ဝါဒဖြန့် တာက PDF က ခေါင်းဖြတ်သတ်သလိုဝါဒဖြန့် နေတယ်။ အဲဒါ မဟုတ်ဘူးဆိုတာ ဘယ်လို ခိုင်ခိုင်မာမာရှင်းနိုင်မလဲ။  ဖြေ။         ။ အဲဒီဒေသက မြိုင်နဲ့ ရေစကြို နယ်ကြား ဒေသဖြစ်ပါတယ်။ အဲဒီ ဒေသ ဟာ မြိုင်အစွန်အဖျားဖြစ်တဲ့အပြင် ရှင်မတောင် သဘာ၀ ထိန်း သိမ်းရေး နယ်မြေအတွင်းမှာ ကျရောက်နေတဲ့ ဒေသလည်းဖြစ်တယ်။  ပြီးခဲ့တဲ့ NLD အစိုး ရ လက်ထက်မှာ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုး တက် စေရေးနဲ့ ရေပြတ် လပ်မှု မရှိစေရေးအထူး အလေး ထား ဆောင်ရွက်ပေးခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေရဲ့ မသိနားမလည်မှုကို အသုံးချပြီး စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ပုံစံလိုမျိုး ဆောင်ရွက်ခဲ့ခြင်း ဖြစ် တယ်။  အဓိက CDM ဝန်ထမ်းတွေ၊ တပ်CDM တွေ ၊ ရဲ CDM တွေ လက်မခံရဲအောင် စံပြအနေနဲ့ လုပ်တယ်ဆိုပြီး ကြုံးဝါးပြီး သေချာ ရိုက်ကူးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ် ကို ဒေသခံတွေ အားလုံး သိကြတယ်။ မြိုင်မှာ ဒီဖြစ်စဉ်ကနာမည် ကြီး ဖြစ် စဉ်ပါ။ စစ်တပ်၊ ပျူစောထီးနဲ့ ရဲတွေ ဘယ်လောက်ရက်စက်လဲဆိုတာ ပြည်သူ တွေ သိသွားတဲ့လုပ်ရပ်ပါ။  မေး။       ။ လုပ်ငန်းရှင် မနန္ဒာကို ခေါင်းဖြတ်သတ်တဲ့အထဲမှာ ပါတဲ့ တပ်နာ မည်၊ ရဲစခန်းနဲ့ ပျူစောထီးတွေကိုသေသေချာချာ ပြန်ပြောပေးပါ။  ဖြေ။       ။ တပ်က ပခုက္ကူ တပ်မ ၁၀၁၊ မြိုင်ရဲစခန်းနဲ့   ကန်နီရွာ ၊ သရက်ကွ၊ ဝက်ပုတ် ကျေးရွာမှာနေတဲ့  ပြည်သူ့စစ်(ခေါ်) ပျူစောထီးက လုပ်ခဲ့တာ ဖြစ် ပါတယ်။  ဒီလို ဗီဒီယို ရိုက်ကူးပြီးတော့ PDF တွေအားကောင်းတဲ့ ဒေသ ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အားကောင်းတဲ့ ဒေသ၊ပြည်သူ့အာဏာ ပြည်သူပိုင်တဲ့ နေရာ တွေမှာ သပ်လျှိုသွေးခွဲဖို့ တမင်ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးပြီး PDF တွေကိုအထင် လွဲအောင် လုပ်ဖို့ ၊ PDF အားပေးတဲ့သူတွေ ကြောက်အောင် ခြိမ်း ခြောက် ဖို့ ရိုက်ကူးသွားခဲ့တာပါ။  မြိုင်မြို့နယ်တစ်မြို့နယ်လုံးမှာ စစ်တပ်က  ပြည်သူ့စစ်(ခေါ်)ပျူစောထီး ၆ ဖွဲ့ အင်အား (၂၀၀)ဦး၊ လက်နက်(၁၂၀) တပ်ဆင်ထားရှိပါတယ်။  ဓာတ်ပုံ- စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ဖမ်းဆီးထားခဲ့သော မနန္ဒာ။

သရက်ချောင်းမြို့နယ်တွင် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဆက်တိုက် ဖြစ်ပွားပြီး စစ်သား ၁၄ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၂၈ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဇွန်လ ၂၄ ရက်နှင့် ၂၆ ရက်နေ့တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်း စစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။ ဇွန်လ ၂၄ ရက်နေ့တွင်...

Latest news

- Advertisement -spot_img