36 C
Yangon
spot_img

CATEGORY

News

ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်မှု မင်းအောင်လှိုင် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ကိုးကန့် တိုင်းရင်းသားခေါင်းဆောင်လည်းဖြစ်၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA တည်ထောင်သူ ဦးဖုန်ကြားရှင် ကွယ်လွန်သွားမှုကို ဝမ်းနည်းကြောင်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ကြောင်း ကိုးကန့်သတင်းဌာနက သတင်းထုတ်ပြန်သည်။ ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင်သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်...

NUG ၊ NUCC နှင့် တွေ့ဆုံရန် အာဆီယံအထူးကိုယ်စားလှယ်ကို မလေးရှားနိုင်ငံ ခြားရေးဝန်ကြီး တိုက်တွန်း၊ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ပေးပို့သော မိန့်ခွန်းကြည့်ရှုပြီးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ မြန်မာ့နိုင်ငံသို့ မတ်လတွင် သွားရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊NUCC တို့နှင့် တွေ့ဆုံရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အာဆီယံနိုင်ငံခြားရေးဝန်‌ကြီး အစည်း အဝေးတွင် တိုက်တွန်းပြောဆိုသည်။ယနေ့ ကမ္ဘောဒီးယားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး ကျင်းပကြောင်း၊...

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ဆေးကုသခွင့်မရ၊ ကြည့်မြင်တိုင်မှ စစ်ကားဖြင့်တိုက်ဖမ်းခံရသော ဆန္ဒပြသူတစ်ဦး အာရုံကြောမျှင်ပျက်စီးပြီး ဝေဒနာခံစားနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများ အပါ အဝင် အကျဉ်းသားများသည် ဆေးကုသခွင့်မရဘဲ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းတွင် စစ်ကားဖြင့် တိုက်ဖမ်းခံရသူတစ်ဦးသည် အာရုံကြောမျှင်များ ပျက် စီးကာ ဆေးကုသခွင့် လိုအပ်နေကြောင်း အကျဉ်းထောင် အတွင်းမှ နိုင်ငံရေး အကျဉ်သား တစ်ဦး...

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ပြည်သူပိုင် နေအိမ်များကို မီးရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်းတွင် အကြမ်း စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက် အုံတုံပင်ရွာနှင့် ကျေးစာကျရွာကြား ကားလမ်းပိုင်းရှိ ပြည်သူပိုင် နေအိမ်များကို ယနေ့ ဖေဖော်ဝါရီလ ၁၇ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီး...

အောင်မြေသာစံရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးနိုင်၊ နေပြည်တော်တွင်လည်း မိုင်းကွဲ၍ စစ်သား ၃ ဦးထက်မနည်း ထိခိုက်သေနိုင်၊ မြောင်တွင် စစ်သားအချင်းချင်းပစ်၍ ၃ ဦးသေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်းတွင် ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန် ဗုံးဖြင့် တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၁ ဦးသေဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိသည်။ "ဒီနေ့...

နေပြည်တော်နှင့် စစ်ကိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်များ ပြည်သူများကို မတရားဖမ်းဆီး၊ ဖမ်းဆီးခံရသူများ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ နေပြည်တော် လယ်ဝေးမြို့ မြွေရိုးလေး စံပြကျေးရွာနေ ကိုစစ်ပိုင်ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်တွင် အကြမ်းဖက် စစ်ကောင်စီဝင် ၃၀ ဦးခန့် နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက...

အကြမ်းဖက် စစ်ကောင်စီ၏ သံချပ်ကာ အမြှောက်ကားဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ အမျိုးသမီးတစ်ဦး၏ ခြေထောက်ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်

ရန်ကုန် ၊ဖေဖော်ဝါရီ ၁၇ အကြမ်းဖက် စစ်ကောင်စီတပ်များသည် ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် မိုးဗြဲမြို့ပေါ်သို့ သံချပ်ကာအမြှောက်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁ ဦး ခြေထောက်တွင် ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။“မိုးဗြဲမြို့ စည်ကား-၁ ရပ်ကွက်က ပြည်သူ...

မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် RCSS ၏ စတင်ပစ်ခတ်မှုသည် သဘောတူညီချက်များကို ချိုးဖောက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးပမ်းမည်ဟု PNLO ပြော

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် ဖေဖေါ်ဝါရီလ ၁၆ ရက်၌ PNLAနှင့် RCSS ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး RCSS ၏ စတင်ပစ်ခတ်မှုသည် နှစ်ဖက် သဘောတူညီထားချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA...

ဖလူးဒေသကို KNLA ပူးပေါင်းတပ် ပြန်လည်သိမ်းပိုက်၊ စစ်ကောင်စီက အကျအဆုံးများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဖလူးဒေသတွင် ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF တပ်ဖွဲ့များနှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ကား ၃ စီးဖြင့်...

မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ရှိ စစ်ကောင်စီစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များ ယနေ့နံနက် ဝင်တိုက်၊ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း မိုးဗြဲ PDF ထုတ်ပြန်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇ ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း ဖယ်ခုံ PDF ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သတင်းရရှိသည်။မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်၊ ဘီလူးချောင်းဘေးတွင်...

Latest news

- Advertisement -spot_img