35 C
Yangon
spot_img

CATEGORY

News

ရန်ကုန်ရွှေပြည်သာ ၁၄ လမ်းဆုံတွင် စစ်တပ်က သေနတ် အချက် ၃၀ ဖောက်ဝင်စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွား၊ စစ်ကိုင်းနှင့်ဧရာ၀တီတို့တွင် စစ်တပ်က ပြည်သူများကို ဥပဒေမဲ့ အကြောင်းမဲ့ဖမ်းဆီးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရန်ကုန်တိုင်း၊ ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ယမန်နေ့ညပိုင်း စစ်တပ်က သေန တ် အချက် ၃၀ ဖောက်ဝင်စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသ ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့...

ဂျာမနီဘာလင်ရုပ်ရှင်ပွဲတော်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး Myanmar Diaries ရုပ်ရှင် ဆုရရှိ၊ Generation Z များအတွက် ဂုဏ်ပြုဆုဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဖြစ်စဉ်များကို ရိုက်ကူး ထားသော Myanmar Diaries ရုပ်ရှင်သည် ရုပ်ရှင်ပွဲတော်များတွင် ကမ္ဘာ့အကြီးဆုံးဆု တစ်ခုဖြစ်သည့် Berlinale Documentary Award ရရှိကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော်၏ သတင်းထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေး ဟုသတ်မှတ်ခံထားရသူ ၅ ဦး အသတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေး ဟုသတ်မှတ်ခံထားရသူများ အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြိုနယ်၊ စံပြရပ်ကွက်၊စံပြ(၃)လမ်းနှင့် သံသုမာလမ်းထောင့်ရှိ အောင်နန်းသစ်လက်ဘက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသော စစ်ကောင်စီခန့် ရာအိမ်မှူးမျိုးမြင့်သန်းကြွယ်ကို အနီးကပ်...

တောင်ကြီးဆေးတက္ကသိုလ်မှ ဆေးကျောင်းသားကို မိသားစုနှင့်အတူ ဖမ်းဆီးခံရ၊ နေပြည်တော်၊ နွားထိုးကြီးနှင့်ရေတာရှည်တို့တွင် ပြည်သူ ၅၈ ဦး အဖမ်းခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဆေးတက္ကသိုလ်(တောင်ကြီး)မှ ဒုတိယနှစ် ကျောင်းသား ''ကိုကောင်းချမ်းမြေ့သျှန် '' ကို မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နေအိမ်တွင် မိသားစုနှင့်အတူ ဖေဖော်ဝါရီ ၁၄ရက်နေ့ ညနေပိုင်း အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးသွားကြောင်း သိရသည်။၎င်းနှင့်အတူ မိဘနှစ်ဦးနှင့် အဒေါ်ဖြစ်သူတစ်ဦးတို့ကိုပါ ဖမ်းဆီးသွားခဲ့ကြောင်းသိရပါသည်။“...

စစ်ကိုင်းနှင့် ချင်းပြည်နယ်ရှိ စစ်ကောင်စီစခန်းများကို CDF တပ်ဖွဲ့များဝင်ပစ်၊ စစ်သား ၇ ဦး သေဆုံး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်ရှိ ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို CDF (ကလေး၊ ကဘော်၊ ဂန့်ဂေါ)နှင့် CDF ဟားခါး ပူးပေါင်းအဖွဲ့က ယနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆...

စစ်ကိုင်းတွင် ပျက်ကျသည့် စစ်လေယာဉ်ပိုင်းလော့ ဗိုလ်ကြီးဟိန်းထက်အောင်ကို ယနေ့ သဂြိုလ်ပြီးစီး၊ မင်္ဂလာဆောင်ပြီး ၄ ရက်အကြာတွင် သေဆုံးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ ရေမျက်ကြီးအင်းတွင် ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်အချိန် ပျက်ကျသွားသည် စစ်တိုက်လေယာဉ်မှူး ဗိုလ်ကြီးဟိန်းထက်အောင်ကို ယနေ့ ညနေ ၄ နာရီတွင် သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သတင်းရင်းများထံမှ သိရှိရသည်။ လေယာဉ်ပျက်ကျမှုကြောင့် အလောင်းကို...

ရန်ကုန်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး အိုးဝေစာစောင်များ လိုက်လံ ဖြန့်ဝေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ရန်ကုန်တွင် မဂ်လာဒုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဗကသများအဖွဲ့ချုပ်နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ရတကသ) မှစီစဉ်ထုတ်ဝေသည့် အိုးဝေ စာစောင်များအား ပြည်သူများထံ လိုက်လံ...

လေးကေ့ကော်၊ဖလူးဘက်တွင် ယနေ့တိုက်ပွဲ စစ်ကောင်စီဘက်မှ အထိနာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်မြို့သစ်တွင် ယနေ့ နံနက် ၈ နာရီမှစတင်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီး ညနေ ၃ နာရီ ၂၀ မိနစ်တွင် စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ကြောင်း KNU...

မိုးဗြဲမြို့ပေါ်ရှိ စစ်ကောင်စီကင်းပုန်းများကို မိုးဗြဲ PDF ဝင်ရောက်တိုက်ခိုက်၊ ခလရ ၄၂၂ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်လို့ နေအိမ် ၁ လုံး မီးလောင်ပျက်စီး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆ ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ကင်းပုန်းစခန်းများကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက် နံနက်မှ စ၍ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်နေကြောင်း၊ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၁ လုံး မီးလောင်ပျက်စီးကြောင်း...

မွန်ပြည်ကာကွယ်ရေးတပ် ၇၅ နှစ်မြောက် မွန်အမျိုးသားနေ့ကို တော်လှန်ရေး နယ်မြေတွင် ကျင်းပပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ယနေ့ ကျရောက်သော (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ စိန်ရတု အထိမ်း အမှတ် အခမ်းအနားကို မွန်ပြည် ကာကွယ်ရေးတပ် - MSDF (မြောက်ပိုင်းဒေသ ဦးစီးကော်မတီ)က တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ပူ းပေါင်းပြီး တော်လှန်ရေး နယ်မြေတွင်...

Latest news

- Advertisement -spot_img