29 C
Yangon
spot_img

CATEGORY

News

မိတ္တီလာ၊ ရှမ်းတဲလေတပ်စခန်းတွင် ဒေါ်လာ ၁ သန်းတန် အမောင်းသင် GROB လေယာဉ်တစ်စင်း ဆင်းသက်စဉ် မီးလောင်ပြီး သုံးမရအောင် လုံး၀ပျက်စီးသွား၊ လူထိခိုက်မှုမရှိ

ရန်ကုန်၊ ဧပြီ ၂၅ မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရှမ်းတဲရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်(လသခ)တွင် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ဖိုးရှိ အမောင်းသင် GROB လေယာဉ်တစ်စင်း မီးလောင်ပြီး သုံးမရအောင် ပျက်စီးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ဧပြီလ ၂၅...

တနင်္သာရီတိုင်းတွင် ပကာရီရဲစခန်း မီးရှို့ ရှင်းလင်းခံရပြီးနောက် စစ်ရေးတင်း မာ၊ ထားဝယ်-ထီးခီးကားလမ်း၊ ထီးခီးနယ်စပ်ဂိတ်နှင့်မောတောင်ဂိတ်များ PDF နှင့် စစ်တပ် နှစ်ဖက်စလုံး ယာယီ ပိတ်ထား

ရန်ကုန်၊ ဧပြီ ၂၅ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ပကာရီရွာရှိနယ်မြေရဲစခန်းကို KNDO၊ ပြည်သူကာကွယ်ရေးတပ်မ တော် (PDF)၊ ထားဝယ်ခရိုင် (ပကဖ)နှင့်ညီနောင်မဟာမိတ်အဖွဲ့များတို့က ယမန်နေ့ပူးပေါင်းပြီးမီးရှို့ဖျက်ဆီးခဲ့၍ စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ဧပြီလ ၂၄ ရ က်နေ့ နံနက်(၁၁)နာရီခွဲခန့်အချိန် ကာရီရွာရှိ နယ်မြေရဲစခန်းကို မဟာမိတ်တပ်ပေါင်းစုများက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်...

ကလေးတောင်ပိုင်း၊ ချောင်းခွကျေးရွာကို မီးရှို့နေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပြီး စစ်သား သေဆုံးမှုများ

ရန်ကုန်၊ ဧပြီ ၂၅ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ချောင်းခွကျေးရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား ယနေ့ ဧပြီလ ၂၅ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှု များပြားကြောင်း VAKOK (CNDF) တပ်ဖွဲ့ထံမှ သိရှိရသည်။"၁၂...

ကျိုက်ထို၊ အင်္ဂဘိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဧပြီ ၂၅ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၇ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး ထက်မနည်းသေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။သေဆုံးစစ်သားများကို...

မြင်းခြံတွင် လက်နက်ကိုင် ပျူစောထီး ၂ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၅ မန္တလေးတိုင်း မြင်းခြံခရိုင် ချင်းဆက်လမ်းတွင် ယနေ့ ဧပြီလ ၂၅ ရက်နေ့၌ မန္တလေး မြို့ပြပျောက်ကြား မဟာမိတ် တပ်ပေါင်းစုမှ လက်နက်ကိုင် ပျူစောထီး ၂ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကာ ပစ္စတို ၂လက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို...

ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၂ရွာကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီး၊ စစ်ရှောင် ပြည်သူများကိုလည်း လက်နက်ကြီးဖြင့် လိုက်လံ ပစ်ခတ်နေ

ရန်ကုန်၊ ဧပြီ ၂၅ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ ရုံးပင်ကုန်းနှင့် သစ်ဆိပ့်ရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၅ ရက်နေ့တွင် ဝင်ရောက် စီနင်း မီးရှို့ဖျက်ဆီးနေပြီး စစ်ဘေးရှောင်ရန် ထွက်ပြေး တိမ်းရှောင်သည့် ပြည်သူများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် လိုက်လံ...

မြစ်ကြီးနား မြို့ပြလှုပ်ရှားမှုအဖွဲ့မှ ကိုချစ်နှင့် PDF ရဲဘော် ၄ ဦး ဖမ်းဆီးခံရပြီး ၂ ဦးကျဆုံးဟု သတင်းထွက်ပေါ်

ရန်ကုန်၊ ဧပြီ ၂၅ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ပျောက်ကြားလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် မြစ်ကြီးနား မြို့ပြလှုပ်ရှားမှု အဖွဲ့မှ ကိုချစ်နှင့် ရဲဘော်တချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ပစ်ခတ်ဖမ်းဆီးကြောင်း သိရှိရသည်။ ...

ဖျာပုံတွင် ကျုံကျိုက်ချောင်းတွင်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အေးကိုနှင့် ဇနီး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၅ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အေးကိုနှင့် ၎င်း၏ ဇနီးဖြစ်သူကို ဒေသကာကွယ်ရေးပြောက် ကျားတပ်ဖွဲ့များက ဧပြီလ ၂၄ ရက် ည ၉ နာရီ ၁၀ မိနစ်တွင် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။ စစ်ကောင်စီခန့်...

မန္တလေးတွင် သွေးသောက်အမည်ခံ အဖွဲ့က ညှဉ်းပန်းနှိပ်စက်ပြီး ပစ်ထားခဲ့သည့် NLD ပါတီဝင် ဒေါ်ခ ရရှိဒဏ်ရာများဖြင့် ကွယ်လွန်

ရန်ကုန်၊ ဧပြီ ၂၅ မန္တလေးတွင် သွေးသောက်အမည်ခံ အဖွဲ့က ညှဉ်းပန်းနှိပ်စက်ပြီး လမ်းပေါ်တွင် ပစ်ထားခဲ့သည့် NLD ပါတီဝင်နှင့် အမာခံထောက်ခံသူ ရပ်ကျေးဥက္ကဋ္ဌ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးခင်မောင်သိန်း၏ ဇနီး ဒေါ်ခသည် ယနေ့ နံနက်ပိုင်း ရရှိဒဏ်ရာများဖြင့် ကွယ်လွန်သွားကြောင်း သိရှိရသည်။...

မန္တလေးတွင် သွေးသောက်အဖွဲ့ အမည်ခံ၍ စစ်တပ်နှင့်ရဲက NLD ပါတီဝင်များကို ဦးတည်သတ်ဖြတ်ပြီး ရဲကားများဖြင့် အလောင်းပစ်၊ ယမန်နေ့ တစ်ရက်တည်း နှစ်ဦးအသတ်ခံရပြီး NLD ပါတီဝင်နှင့် တက်ကြွလှုပ်ရှားသူများ၏ မိသားစုများကို ဦးတည်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဧပြီ ၂၅ မန္တလေးတွင် သွေးသောက်အဖွဲ့ အမည်ခံ၍ စစ်တပ်နှင့်ရဲက NLD ပါတီဝင်များကို ဦးတည်သတ်ဖြတ်ပြီး ရဲကားများဖြင့် အလောင်းပစ်သွားကာ ယမန်နေ့ဧပြီလ ၂၄ ရက်နေ့ တစ်ရက်တည်း ပြည်သူ နှစ်ဦးအသတ်ခံရကြောင်း သိရှိရသည်။ဧပြီလ ၂၄ ရက်နေ့တွင် မန္တလေးမြို့ရှိ NLD ပါတီဝင်နှင့်...

Latest news

- Advertisement -spot_img