26.8 C
Yangon
spot_img

CATEGORY

News

နေပြည်တော် ကြံ့ဖွတ်ရုံးချုပ်နှင့် မြို့တော်ခန်းမ မဏ္ဍပ်တို့ ဖောက်ခွဲ တိုက်ခိုက်ခံရ၊ ပျဉ်းမနားတွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပိုင် ဘီယာဆိုင် ဗုံးပစ်ခံရ၊ ထားဝယ်တွင်လည်း စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၂ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၇ နေပြည်တော်ရှိ ကြံ့ဖွတ်ရုံးချုပ်နှင့် မြို့တော်ခန်းမ မဏ္ဍပ်တို့ကို နေပြည်တော် အထူးပြောက်ကျား အင်အားစုက ဧပြီလ ၁၆ ရက်နေ့ ည ၆နာရီ ၄၅ မိနစ်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော် အခြေစိုက် တော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အလားတူ ဧပြီလ...

ရွှေတောင်တွင် စစ်တိုက်လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို PDF က သေနတ်ဖြင့် ပစ်ခတ်၊ ရန်ကုန်သို့ ဆေးကုသရန် အရေးပေါ် ပို့ဆောင်ရ

ရန်ကုန်၊ ဧပြီ ၁၇ ပဲခူးတိုင်း၊ရွှေတောင်မြို့တွင် စစ်တပ် ဂျက်တိုက်လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို PDF က သေနတ်ဖြင့် ပစ်ခတ်လိုက်ပြီး ဒဏ်ရာရရှိသွားသဖြင့် ရန်ကုန်သို့ ဆေးကုသရန် အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း ပဲခူး PDF က သတင်းထုတ်ပြန်သည်။ ပဲခူးတိုင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ...

မန္တလေး ခလရ ၉၅ တပ်ရင်းနှင့် ပလစ (၂)တို့ကို ရှော့ခ်တိုက်ဒုန်းများဖြင့် ပစ်ခတ် ၊ မန္တလေးတိုင်း တရား လွတ်တော်ရုံးလည်း ပစ်ခတ်ခံရပြီး ရဲ ၁ ဦး ဒဏ်ရာရ၊ ခင်ဦးတွင် စစ်ကား ၄စီး မိုင်းဆွဲ တိုက်ခိုက်ခံရ

ရန်ကုန်၊ ဧပြီ ၁၇ မန္တလေးတိုင်း အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ လပခ လက်အောက် ခံ ခလရ ၉၅တပ်ရင်းနှင့် အမရပူရမြို့နယ် ပလစ(၂) တပ်တို့ကို ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် အစောပိုင်းတွင် မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော်က...

ဥဇဘက်ကစ္စတန်မှ ငွေစက္ကူရိုက်နှက်မည့် စက္ကူကုန်ကြမ်းများ သယ်ဆောင်လာသော အီရန် လေယာဉ် နေပြည်တော်တွင် ဆိုက်ရောက်၊ ငွေစက္ကူုကုန် ကြမ်း တန်ချိန်များစွာ ဆက်တိုက်တင်သွင်းနေ

ရန်ကုန်၊ ဧပြီ ၁၇ အီရန်က Fars Qeshm လေကြောင်းလိုင်းမှ Boeing 747-281B လေယာဉ် Flight Number QF9977 သည် ယနေ့တွင် နေပြည်တော်သို့ ဆိုက်ရောက်လျက်ရှိပြီး ဥဇဘက်ကစ္စတန်မှ ငွေစက္ကူရိုက်နှက်မည့် စက္ကူကုန်ကြမ်းများ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါလေယာဉ်သည် အီရန်မှ ဥဇဘက်ကစ္စတန်သို့...

ပေါက်မြို့နယ် တောင်ပိုင်းတွင် အကြမ်းဖက် စစ်တပ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၁၁ ရွာက ပြည်သူ ၁သောင်းကျော် အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေ

ရန်ကုန်၊ ဧပြီ ၁၇ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ၁၁ ရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ပြည်သူ ၁သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း...

ကရင်နီတွင် တပ်မ (၆၆)၊ ခမရ (၁၀၈) မှ တပ်ရင်းမှူး ဝင်းထိုက်စိုး မိုင်းဆွဲခံရပြီး အပြင်းအထန် ဒဏ်ရာရကာ သေဆုံးနိုင်

ရန်ကုန်၊ ဧပြီ ၁၇ ကရင်နီပြည်နယ်တွင် နယ်မြေကျူးကျော် ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၆၆)၊ ခမရ (၁၀၈) မှ တပ်ရင်းမှူး ဝင်းထိုက်စိုး ဦးဆောင်သောစစ်ကြောင်းကို ကရင်နီပူးပေါင်းအဖွဲ့က ဧပြီလ ၁၄ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူး ဝင်းထိုက်စိုး အပြင်းအထန် ဒဏ်ရာရ၍...

နှစ်ဆန်းတစ်ရက်နေ့ PDF ၅ ဦးကျဆုံးရသည့် မုံရွာ ပစ်ခတ်မှုဖြစ်စဉ်တွင် တောပုကျေးရွာမှ ပျူစောထီးများပါဝင်ဟုဆို

ရန်ကုန်၊ ဧပြီ ၁၂ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ PDF ၅ ဦးကျဆုံးစေခဲ့သည့် စစ်တပ်နှင့်ပျူစောထီးများ၏ ပစ်ခတ်မှုတွင် တောပုကျေးရွာမှ ပျူစောထီးများ အဓိကပါဝင်နေကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။ "နောက်ထပ်PDF ၁ ဦးကလည်း ကျသလိုလို ကြားနေရတယ်။ မသေချာသေးဘူး။...

Breaking News- နှစ်ဆန်းတစ်ရက်နေ့ မုံရွာပင်မသပိတ်စစ်ကြောင်း ချီတက်စဉ် စစ်တပ်နှင့်ပျူစောထီးများက PDF များကို ဝင်ပစ်၊ PDF ၅ ဦးကျဆုံး

ရန်ကုန်၊ ဧပြီ ၁၇ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် မုံရွာ ပင်မသပိတ်စစ် ကြောင်းက ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး သပိတ်စစ်ကြောင်း ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် ချီတက်ဆန္ဒပြကြစဉ်စစ်တပ်နှင့်ပျူစောထီးက PDF များကို ဝင်ရောက်ပစ်ခတ်ပြီး ...

မင်းအောင်လှိုင်က သူ့ကိုယ်သူ သတိုးသီရိသုဓမ္မဘွဲ့၊ သတိုးမဟာသရေစည်သူ ဘွဲ့ ပြန်ပေး၊ ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်၏ လူမှုထူးချွန်တံဆိပ်ကို မင်းအောင်လှိုင်က ပြန်ရုပ်သိမ်းဟုကြေညာ

ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘွဲ့တံဆိပ်နှစ်ခု ပေးအပ်ချီးမြှင့်ကြောင်း ၎င်း၏ အမိန့်ဖြင့် ယနေ့ ကြေညာချက်ထုတ်ပြန်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ကြီးချုပ်ဟောင်း ဦးနု၊ သမ္မတ စန်းယု၊ ဝန်ကြီးချုပ်ဟောင်းနှင့်စစ်အာဏာရှင် နေဝင်း၊ စစ်အာဏာရှင်ဟောင်း သန်းရွှေ၊ ယာယီသမ္မတ ကြေညာထားသူ...

အကြမ်းဖက်စစ်ကောင်စီက ပြစ်ဒဏ်ကျ အကျဉ်းသား ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား ၄၂ ဦးတို့ကို လွတ်ငြိမ်းသက်သာခွင့်ပြု ဟု ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့တွင် အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျ အကျဉ်းသား ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား ၄၂ ဦးကို လွတ်ငြိမ်းသက်သာခွင်ပြုသည်ဟု ကြေညာချက်ထုတ်ပြန်သည်။

Latest news

- Advertisement -spot_img