30 C
Yangon
spot_img

CATEGORY

News

ရေစကြိုနယ် ရေလယ်ကျွန်းရွာတွေမှာ စစ်ရေးတင်းမာ၊ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ထားပြီး စစ်တပ်က နေအိမ်အချို့ကို မီးရှို

ရန်ကုန်| ဧပြီ ၂ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ရမ်းကားပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ထားသလို နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ကနဦး သိရပါတယ်။စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး တစ်ဖွဲ့ကို အင်အား ၅၀ ဝန်းကျင်ပါဝင်ပြီး လှုပ်ရှားနေတာလို့ ရေစကြို...

မဟာအောင်မြေမြို့နယ် ထွေ/အုပ်ရုံးအနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆေးမှုတ်သပိတ်ပြုလုပ်ပြီး လက်ပစ်ဗုံးအတု ထားခဲ့သဖြင့် စစ်ကောင်စီတပ်များ လမ်းပိတ် ဖယ်ရှားရ

ရန်ကုန်၊ ဧပြီ ၂ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ လူစည်ကားရာ ၆၆ လမ်း၊ သိပ္ပံလမ်းနှင့် ၄၃ လမ်းကြား ထွေ/အုပ်ရုံးအနီးတွင် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းစစ်အာဏာရှင်ဆန့်ကျင်ရေး ဆေးမှုတ်သပိတ်ပြုလုပ်ပြီး လက်ပစ်ဗုံးအတု ထားခဲ့သဖြင့် စစ်ကောင်စီတပ်များ လမ်းပိတ် ဖယ်ရှား ရှင်းလိုက်ရကြောင်း သိရှိရသည်။...

တနင်္သာရီမှာ ခဲမိုင်းမြေစာပုံပြိုကျပြီး အလုပ်သမားငါးဦးသေဆုံး

တနင်္သာရီတိုင်းမ်၊ ဧပြီ ၂ ခဲမိုင်းမြေစာပုံပြိုကျပြီး အလုပ်သမားငါးဦးသေဆုံးခဲတဲ့ဖြစ်စဥ်တစ်ခု မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က သဘောလိပ်ရွာမှာ မနေ့ကဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ မိုးအပြင်းအထန်ရွာသွန်းခဲ့တဲ့အတွက် ခဲသတ္တုမိုင်းလုပ်ကွက်ထဲကို မြေစာပုံပြိုကျခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ မြေစာပုံပြိုကျခဲ့တဲ့အတွက် အမျိုးသားငါးဦးသေဆုံးခဲ့ပြီး သူတို့အားလုံးဟာ ပဲခူးတိုင်းရွှေကျင်မြို့နယ်ကလာရောက်အလုပ်လုပ်ကိုင်ကြသူတွေဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီခဲမိုင်းမှာ အရင်က အခုလိုအစုလိုက်အပြုံလိုက်သေဆုံးမှုမျိုးမရှိခဲ့ဖူးဘူးလို့ဒေသခံတွေကပြောကြပါတယ်။The...

စစ်ကိုင်းနှင့် ကချင်ပြည်နယ် ဆက်သွယ်ထားသော လမ်းအသုံးပြုခကောက်ခံရေးဂိတ်များ တင်ဒါ နေပြည်တော်အမိန့်ဟုဆိုကာ စစ်တပ်အငြိမ်းစားတစ်ဦးထံ လက်သိပ်ထိုးချပေး

ရန်ကုန်၊ ဧပြီ ၂ လမ်းအသုံးပြုခကောက်ခံရေး ဂိတ် ၈ ခုကို လေလံတင်ဒါခေါ်ယူပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မတ်လ ၂၈ ရက်နေ့၌ ကျင်းပခဲ့ပြီး ဝင်ငွေကောင်းသည့် ဂိတ် ၃ ခုကို ဦးကျော်သက်ဆိုသူ တပ်အငြိမ်းအစားတစ်ဦးထံ ကချင်ပြည်နယ် စစ်ကောင်စီက လက်သိပ်ထိုးချပေးခဲ့ကြောင်း သတင်းရရှိသည်။ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဆက်သွယ်ထားသည့်...

ဖားကန့်မြို့ရှိ လျှပ်စစ်ရုံး နှစ်ရုံး ဗုံးပေါက်ကွဲမှု ဖြစ်၊ ဗန်းမော်တက္ကသိုလ်ရှေ့တွင်လည်း မိုင်းကွဲမှု ဖြစ်ပွား

ရန်ကုန်၊ ဧပြီ ၂ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဧပြီ ၁ ရက်နေ့ ည ၇ နာရီအချိန်တွင် ဖားကန့်မြို့နယ် လျှပ်စစ်ရုံးဗုံးဖောက်ခွဲ တိုက်ခိုက်ခံရသလို ည ၇ နာရီ ခွဲအချိန်တွင်လည်း ဖားကန့် ဆိုင်းတောင် လျှပ်စစ်ရုံးရှေ့တွင် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။...

သင်္ကြန်တွင်း ရန်ကုန်၊ ၈ မိုင်ရှိ ရန်ကုန်စစ်ဌာနချုပ်အနီးဝန်းကျင် တိုက်အမြင့်များတွင် စနိုက်ပါသမားများထားကာ စစ်ကောင်စီက လုံခြုံရေးအထူးတင်းကြပ်မည်

ရန်ကုန်၊ ဧပြီ ၂ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိကျင်းပမည့် သင်္ကြန်ပွဲအတွင်း ရန်ကုန် ၈ မိုင်ခုံးတံတားအောက်ရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနီးဝန်းကျင် တိုက်အမြင့်များတွင် စနိုက်ပါသမားများထားကာ လုံခြုံရေးတင်းကြပ်စွာဖြင့် သင်္ကြန်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပေါက်ကြားလာသည့် လျှို့ဝှက်ကြေးနန်းအရ သိရှိရသည်။ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်ဦးစီးဌာန (စစ်ဆင်ရေး)...

အရာတော်၊ သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်၊ စစ်သား ၇ ဦးသေဆုံးပြီး စစ်တပ် သုံးနေသည့်ဆိုင်ကယ်၃ စီးနှင့်အယောင်ဆောင် လူနာတင်ကား သိမ်းဆည်းရ

ရန်ကုန်၊ ဧပြီ ၂ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် PDF တပ်ပေါင်းစုက သိမ်းပိုက်နိုင်ကြောင်း သတင်းထုတ်ပြန်သည်။ မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁...

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်တပ်စခန်းများနှင့် စစ်ကြောင်းများကို KNLA နေ့စဉ် တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်တပ်စခန်းများနှင့် စစ်ကြောင်းများကို ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က နေ့စဉ် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။ဧပြီလ...

မင်းအောင်လှိုင်က သင်္ကြန်ပွဲတော်စည်ကားရေး လုပ်ဆောင်ရန် အမိန့်ပေးသော်လည်း ငွေထုတ်မပေး၍ ပြည်သူများထံမှ အတင်းအဓမ္မငွေတောင်းခံ၊ ဝန်ကြီးဌာနရေကစားမဏ္ဍပ်အတွက် ဝန်ထမ်းများထံမှ ငွေကောက်ခံ

ရန်ကုန်၊ ဧပြီ ၂ အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်ပွဲတော်စည်ကားရေး လုပ်ဆောင်ရန် အမိန့်ပေးသော်လည်း ငွေထုတ်မပေး၍ ဝန်ထမ်းများနှင့်ပြည်သူများထံမှ အတင်းအဓမ္မငွေတောင်းခံမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ မင်းအောင်လှိုင်က ပြည်နယ်/တိုင်း၊ မြို့နယ် များအလိုက် သင်္ကြန်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ရန်နှင့် စည်ကားစွာ ကျင်းပကြရန် ညွှန်ကြားထားကြောင်း၊ ထိုသို့ ညွှန်ကြားသော်လည်း ငွေကြေးချထားပေးခြင်းမရှိသည့်အတွက် သက်ဆိုင်ရာ...

နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန်နှင့် တော်လှန်ရေးအားသစ် လောင်းရန် ရန်ကုန် မြို့နယ်များတွင် ည ၁၂ နာရီ ဗုံးများ ဆက်တိုက်ဖောက်ခွဲ ဂုဏ်ပြု

ရန်ကုန်၊ ဧပြီ ၂ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန်နှင့် တော်လှန်ရေးအားသစ် လောင်းရန် ညသန်းခေါင်ယံ ဖောက်ခွဲမှုများ ပြုလုပ်မည်ဟု People Defense and Guerrilla Vanguard - PDGVက ကြေညာပြီးနောက် ဧပြီလ ၁ ရက်နေ့မှ ၂ ရက်နေ့အကူး...

Latest news

- Advertisement -spot_img