30 C
Yangon
- Advertisement -spot_img

TAG

Crime

သံတွဲမြိုနယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး၊ စစ်တပ်ဦးစီးချုပ် အသစ် ရဲဝင်းဦးလက်ထက် ပထမဆုံးကျူးလွန်သော စစ်ရာဇဝတ်မှုဖြစ်ဟု AA ပြော

ရန်ကုန်၊ ဧပြီ ၂ ရခိုင်ပြည်၊ သံတွဲမြိုနယ်ကို စစ်တပ်က တိုကလေယာဉ် ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်နှင့် ၇ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးပါသည့် မိသားစုတစ်စုလုံး သေဆုံးသွားကြောင်း AA...

ဖားကန့် နေရာအနှံ့တွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေ၊ စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် မြို့ပေါ်ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နေရာအနှံ့တွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် မြို့ပေါ်ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ...

သရက်ချောင်းမြို့ပေါ်ရှိ စစ်တပ်၏ ၄၀၃ တပ်ရင်း၊ ၄၀၅ တပ်ရင်း၊ ရဲစခန်းနှင့် မြို့တော်ခန်း တို့ကို ၆ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့

ရန်ကုန်၊ ဧပြီ ၁ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ၄၀၃ တပ်ရင်း၊ ၄၀၅ တပ်ရင်း၊ ရဲစခန်းနှင့် မြို့တော်ခန်း တို့ကို ၆ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း T5 Wings...

ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နှင့် ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များပျက်စီး

ရန်ကုန်၊ ဧပြီ ၁ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဖာပွန်ခရိုင် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း Karen Peace Support Network က ထုတ်ပြန်ထားသည်။ မတ်လ...

ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

ရန်ကုန်၊ ဧပြီ ၁ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ပခုက္ကူခရိုင်စစ်ဌာန အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီ...

ဝက်လက်မြို့နယ်၊ မင်းကုန်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၁ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းကုန်းကြီးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁ ရက်နေ့...

စစ်တပ်က မြစ်ဆုံစီမံကိန်း ပြန်လည်စတင်သည့်အပေါ် ကချင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ကွန်ရက်က အပြင်းအထန်ရှုတ်ချ

ရန်ကုန်၊ ဧပြီ ၁ ကချင်ပြည်နယ်တွင် မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်နေသည့်အပေါ် ကချင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူများ ကွန်ရက်က အပြင်းအထန်ရှုတ်ချကြောင်း ယနေ့ ဧပြီလ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းပါများက မြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ရန်အတွက် မြစ်ကြီးနားမြို့နေပြည်သူများကို စည်းရုံးသိမ်းသွင်းခြင်း၊ ရုံးတွင်း...

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းသို့ စစ်တပ်က လေယာဉ် ၆ စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများရှိနိုင်

ရန်ကုန်၊ ဧပြီ ၁ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဒေသအချို့ကို အကြမ်းဖက်စစ်တပ်က ယနေ့တွင် လေယာဉ် ၆ စီးအသုံးပြုကာ လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ ယနေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် စစ်တပ်က လေယာဉ် ၆ စီး အပါအဝင် လေကြောင်းအင်အားအလုံးအရင်းဖြင့်...

သရက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံး၊ စစ်တပ်က စမ်းအိုင်ရွာစာသင်ကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းဆောင်များ ပျက်စီး

ရန်ကုန်၊ မတ် ၃၁ မကွေးတိုင်း၊ သရက်မြို့နယ်တွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံးပြီး စစ်တပ်က စမ်းအိုင်ရွာ စာသင်ကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA မှ...

ဘုရားသုံးဆူနှင့် မင်းတပ် မြို့နယ်တို့ကို စစ်တပ်က လေယာဉ်၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ မတ် ၃၁ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဘုရားသုံးဆူမြို့နယ်၊ မောဖာထောရွာအနီးကို...

Latest news

- Advertisement -spot_img