35 C
Yangon
- Advertisement -spot_img

TAG

NUG

နတ်တလင်းမြို့နယ်တွင် ပြည်သူ့စစ် ဖွဲ့စည်းရန် လူစုပေးနေသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ပြည်သူ့စစ် ဖွဲ့စည်းရန် လူစုပေးနေသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံးကာ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇန်နဝါရီ ၂၂...

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် နိုင်ငံခြားရေးရာဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ ပြည်သူများနှင့်တွေ့ဆုံ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးရာဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့သည် မြန်မာကွန်မြူနီတီနှင့် ရင်းနှီးလှိုက်လှဲစွာ တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံပွဲတွင် ဝန်ကြီးနှင့် ဒုဝန်ကြီးတို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး တက်ရောက်လာသော ထောက်ပို့ပြည်သူများ၊ ကျောင်းသူကျောင်းသားများနှင့် နွေဦးတော်လှန်အဖွဲ့အစည်းအသီးသီး၏ မေးခွန်းများကို စိတ်ကျေနပ်မှုရအောင်...

မလေးရှားတွင် ရှိုးပွဲလုပ်ရင်း အေမီဈာန် ၊ ဖူးပွင့်ခိုင်တို့ နှင့်အတူ ဖမ်ဆီးခံရသည့် မြန်မာနိုင်ငံသား ၅၂ ဦး ယနေ့အထိ မလွတ်သေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ၊ မရှိ မလေးရှားရဲက စစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၂၂ မလေးရှားတွင် တရားမဝင် ရှိုးပွဲ ပြုလုပ်မှုဖြင့် မလေးရှားရဲက ဖမ်းဆီးထားသော အေမီဈာန် ၊ ဖူးပွင့်ခိုင်တို့ နှင့်အတူ ဖမ်ဆီးခံရသည့် မြန်မာနိုင်ငံသား ၅၂ ဦး ယ နေ့ အထိ မလွတ်သေးကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။ ဇန်နဝါရီလ ၁၃...

ဆားလင်းကြီး-ယင်းမာပင် နယ်စပ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်သားအလောင်းများကို စစ်တပ်က မီးရှို့ဖျောက်ဖျက်

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဖီးနစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုကျော်ဇောက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်ရှိ...

မြိုင်မြို့အထွက်ရှိ စစ်တပ် တပ်စွဲထားသော မန္တလေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မြိုင်မြို့ရှိ တပ်စွဲထားသော နေရာ ၅ ခုကို ဗုံးသီး အလုံး ၂၀၀ ကျဲချ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၂ မကွေးတိုင်း၊ မြိုင်မြို့အထွက်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မန္တလေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး မြိုင်မြို့ရှိ တပ်စွဲထားသော နေရာ ၅ ခုကို ဗုံးသီး အလုံး ၂၀၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း Earthquake People’s...

NCA လက်မှတ်ရေးထိုးထားသော PNLO/PNLA တောင်ကြီး ဆက်ဆံရေးရုံးကို စစ်တပ်က ဝင်စီးပြီး PNLA အရာရှိ ၃ ဦးကို ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၂ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုး ထား သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA)၏ တောင်ကြီးဆက်ဆံရေးရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး PNLA အရာရှိ ၃ ဦးကို အကြမ်းဖက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ယမန်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း၊...

မင်းလှမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ရာအိမ်မှူး ၁ ဦးတို့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးကာ ရာအိမ်မှူး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သဲကောကျေးရွာအနီးတွင် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှုးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးတို့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံးသွားကာ ရာအိမ်မှူးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သာယာဝတီခရိုင်တပ်ရပ်ရင်း ၃၈၀၂ ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင်...

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာ KIA နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ မန့်ဝိန်းကြီးစခန်း သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရရှိထားတဲ့ စစ်ကောင်စီတပ်သား အယောက် ၂၀၀ ထက်မနည်းကို စစ်သုံ့ပန်းအဖြစ် သတ်မှတ်လိုက်ပြီး နိုင်ငံတကာဥပဒေ နဲ့ အညီ ဆက်လက်ဆောင်ရွက်မှာ ဖြစ် တယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ အကြမ်းဖက် စစ်ကောင်စီက မိုးမိတ်မြို့နယ်အတွင်းမှာရှိတဲ့ တပ်မိသားစုဝင်တွေကို ရဟတ်ယာဉ် တွေနဲ့ ပြောင်း ရွှေ့နေကြသလို ၊  တိုက်ခိုက်ရေးအရာရှိနဲ့စစ်သားတွေသာ ချန်ထားခဲ့  ပြီး ၊  မိုးမိတ်မြို့ မကျစေအောင်ဆိုပြီး စစ်ရေးချုပ်...

တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်ပြန်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်လိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မန်ဝိန်းကြီး စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ထပ်မံသိမ်းပိုက်ခဲ့ကြောင်း ၊...

ကန့်ဘလူမြို့နယ်တွင် ကင်းပတ်နေသော စစ်​ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကင်းပတ်နေသော အကြမ်းဖက် စစ်​ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်အဖွဲ့ - ပကဖ ထံမှ သိရသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ည...

Latest news

- Advertisement -spot_img