34 C
Yangon
spot_img

CATEGORY

Politics

ရန်ကုန်လှိုင်သာယာနှင့် မင်္ဂလာဒုံတို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူးများ အသတ်ခံရ 

ရန်ကုန်၊ ဇန်နဝါရီ ၁၉  ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူးများ အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။  ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် လှိုင်သာယာမြို့နယ်၊ ကစင်ကျေးရွာ၊ ပိတောက်လမ်းတွင် စစ်ကောင်စီခန့် ရာအိမ်မှူး ဆံရှည်(ခ) ရဲဝင်းအောင် ပစ်သတ်ခံရကြောင်း ၊...

မင်းအောင်လှိုင်နာယကအဖြစ် ဆောင်ရွက်တဲ့ YMBA အသင်း၏ သံဖြူဇရပ်မြို့နယ် အတွင်းရေးမှူး အသတ်ခံရ ၊ ချောင်းဦးနှင့်ခင်ဦးတို့တွင်လည်း ပျူစောထီးနှင့် ကြံ့ခိုင်ရေးပါတီဝင်များ အသတ်ခံရ 

ရန်ကုန်၊ ဇန်နဝါရီ ၁၈  မင်းအောင်လှိုင် နာယကအဖြစ် ဆောင်ရွက်နေသည့် YMBA ဗုဒ္ဓကလျာဏယု၀အသင်း၏ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရေးမှူး ဌေးအောင် သည် ယနေ့ အသတ်ခံရကြောင်း သိရှိရသည်  ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာမှ ဌေးအောင် (၅၀)နှစ်ခန့်၊ သံဖြူဇရပ်မြို့နယ် ဗုဒ္ဓကလျာဏ...

ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်၍ စေတီတော် ၁ ဆူ ကျည်ထိမှန်ပျက်စီးပြီး ဒေသခံ ၅ ဦး ခန့် ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၈ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် ယနေ့ ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လောကသရဖူ ဘုရားကုန်းတွင် တည်ထားသော စေတီတော် ၁ ဆူ ကျည်ထိမှန်ပျက်စီးပြီး၊...

တန့်ဆည်၊ သဲစားရွာ အရှေ့ဘက်တွင် ပျူစောထီးများပါဝင်သော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံး၊ တန့်ဆည် PDF မှ ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သဲစားရွာအရှေ့ဘက်ရှိ ဆည်ဘောင်အနီးတွင် အင်အား ၃၀ ခန့်ရှိသော စစ်ကောင်စီတပ်၊ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့နှင့် တန့်ဆည် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ ဇန်နဝါရီလ ၁၈ ရက် ညနေ ၃ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ...

အင်းတော်တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ၁၃၃ ဖာ ၊ အလုံးရေ ၂၃၇၆ ဘူးကို KIA နှင့် PDF ပူးပေါင်းဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၈  စစ်ကိုင်းတိုင်း​​ဒေသကြီး အထက်ပိုင်း အင်းတော်မြို့နယ်လမ်းပိုင်းအတွင်းရှိ ကသာမှ မော်လူးဘက်သို့ ကားဖြင့် မောင်းနှင် သယ်ဆောင်လာသော စစ်တပ် ထုတ်ကုန် Beer ၁၃၃ ဖာ ခန့်မှန်းအရေအတွက် ၂၃၇၆ ဗူးခန့်ကို အင်းတော်မြို့နယ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တားဆီးဖျက်ဆီးလိုက်ကြောင်း...

ရန်ကုန်တွင် စစ်အာဏာရှင် ဖြုတ်ချရေး “ကယ်တင်ရှင်ဘယ်သောအခါမှမရှိ” ဆိုသည့် ကြွေးကြော်သံဖြင့် GSC သပိတ်စစ်ကြောင်း ချီတက် 

ရန်ကုန်၊ ဇန်နဝါရီ ၁၈  ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် စစ်အာဏာရှင်ဖြုတ်ချရေး "ကယ်တယ်ရှင် ဘယ်သောအခါမှ မရှိ" ဆိုသည့် ကြွေးကြော်သံဖြင့် GSC သပိတ်စစ်ကြောင်း  မြန်မာ့ဂုဏ်ရည်လမ်းပေါ်တွင် ယနေ့ ချီတက် သပိတ် မှောက်သည်။   စစ်အာဏာရှင်စနစ်ဆန့်ကျင်​ရေးအထွေထွေသပိတ်ကော်မတီ GSC တွင်ပါဝင်သည့် အဖွဲ့အစည်းအသီးသီးနှင့် မြို့နယ်သပိတ်ကော်မတီများစုပေါင်းပြီး ပြောက်ကျားသပိတ်တခုပြုလုပ်ကြခြင်းဖြစ်သည်။

မန္တလေးကျွဲဆည်ကန် မြ၀တီဘဏ် လုံခြုံရေးဂိတ်ကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ၇၈ လမ်းအခွန်ရုံး ဗုံးခွဲခံရမှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈  မန္တလေးကျွဲဆည်ကန်၊ မြ၀တီဘဏ်တွင် လုံခြုံရေးချထားသော စစ်ကောင်စီဂိတ်ကို ယနေ့ ညနေပိုင်းတွင် PDF ပျောက်ကျားတပ်ဖွဲ့များက ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း ROM နှင့် YNO Mandalay PDF တပ်ဖွဲ့က ပူးပေါင်း သတင်းထုတ်ပြန်သည်။  ၁၁၅ လမ်း ကျွဲဆည်ကန်ဘဏ်တွင်...

ခင်ဦးမြို့နယ် မူးယစ်ဂိုဏ်းကို PDF ပူး​ပေါင်းတပ်ဖွဲ့က ပူးပေါင်း နှိမ်နင်း၊ ဖမ်းဆီးရမိ မူးယစ်ဆေးပြားများ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၈  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသည့် ဂိုဏ်းကို သတင်းရ၍ ခင်ဦးမြို့နယ် ပကဖနှင့် ခရိုင်တပ်ရင်း(၃) ခင်ဦး PDF တပ်ဖွဲ့တို့မှ ပူးပေါင်း၍ ဇန်နဝါရီလ ၁၆ ရက်နေ့, ညနေ  ၆ နာရီအချိန်ခန့်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ခင်ဦး...

မတူပီ၊ ထယ်ဘွေးကျေးရွာ စစ်ကောင်စီစခန်းကုန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပြီး CDF မတူပီ ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထယ်ဘွေးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ စခန်းကုန်းအနီးတွင် ယနေ့ ဇန်နဝါရီလ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် CDF မတူပီ တပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး CDF မတူပီ ရဲဘော် Salai Peng Sang...

ဟုမ္မလင်း PDF က စစ်ကောင်စီတပ်ကို စတင်တိုက်ခိုက်ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ဖလမ်းနှင့်မြို့လှတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈  စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ဟုမ္မလင်း PDF က စစ်ကောင်စီတပ်များကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးသွားကြောင်း ဟုမ္မလင်း PDF က တရားဝင်သတင်းထုတ်ပြန်သည်။  ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းတည့် ၁၂...

Latest news

- Advertisement -spot_img