24 C
Yangon
spot_img

CATEGORY

Editor Choice

စစ်ဘက်နှင့်အရပ်ဘက် ဝန်ထမ်းများခွင့်ပြုချက်မပါဘဲ နယ်ကျော်သွားလာ၍ PDF အဖမ်းခံရလျှင် တာဝန်မယူသည့်အပြင် အရေးယူမည်ဟု စစ်ကောင်စီက သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၂၉ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသာ စစ်ဘက်နှင့်အရပ်ဘက် ဝန်ထမ်းများ ခွင့်ပြုချက်မပါဘဲ နယ်ကျော်သွားလာ၍ PDF အဖမ်းခံရလျှင် တာဝန်မယူသည့်အပြင် အရေးယူမည် ဟု စစ်ကောင်စီက ရုံးတွင်းအမိန့်များဖြင့် သတိပေးထားကြောင်း နေပြည်တော်သတင်းရပ်ကွက်ထံမှ သိရှိရသည်။ ပထမ မူလ အမိန့်အဖြစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဝန်ထမ်းများ...

KNU တပ်မဟာ ၁ နယ်မြေတွင် အမှတ် ၁ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစု စတင် ဖွဲ့စည်း လိုက်ပြီး စစ်ကောင်စီ တပ်များကို တိုက်ခိုက်သွားမည် ဟုကြေ ညာ

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ကရင်အမျိုးသားအစည်းအရုံး ၊ KNU တပ်မဟာ ၁ နယ်မြေတွင် အမှတ် ၁ မိတ် ဖက် တော်လှန်ရေး တပ် ပေါင်း စု ကို ယခုရက်ပိုင်းအတွင်း စတင် ဖွဲ့စည်း လိုက်ပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမှတ်...

ထားဝယ်-ပုလောလမ်းတွင် အရပ်သားအယောင်ဆောင် ခရီးသွားနေသည့် စစ်တပ်မှ ဗိုလ်မှူး ဝင်းဌေးနိုင်ကို PDF က ဖမ်းဆီးရမိ၊ ဖမ်းဆီးခံ ဗိုလ်မှူးက သေနတ်ဝင်လု သဖြင့် ကျည်ထိမှန် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်-ပုလောကားလမ်းပေါ်တွင် အရပ်သားအယောင် ဆောင် ခရီးသွားနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဝင်းဌေးနိုင် ဖမ်းဆီးခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် Dawei Information Center က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။ နိုဝင်ဘာ၂၆ ရက်နေ့ ည ၇ နာရီအချိန် ခရီးသည်တင်ကားတစ်စီးကို...

စစ်ကောင်စီ၏ ဖိတ်ကြားမှုဖြင့် ရုရှား စစ်ဘက်ဆိုင်ရာကိုယ်စားလှယ် ၃၀ နီးပါး မြန်မာနိုင်ငံသို့ တစ်ပတ်နီးပါး လာရောက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၇ အကြမ်းဖက် စစ်ကောင်စီ၏ ဖိတ်ကြားမှုဖြင့် ရုရှား စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် ၃၀ နီးပါး မြန်မာနိုင်ငံသို့ တစ်ပတ် နီးပါး လာရောက်ကြကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ နိုဝင်ဘာလ ၂၇ ရက်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တို့တွင် ရုရှားစစ်ဘက်ပုဂ္ဂိုလ်များ ရောက်ရှိလာကြပြီး ဒီဇင်ဘာလ ၂...

လိပ်သိုတွင် သံမိုးတောင် စစ်တပ်စခန်းကို PDF မဟာမိတ်တပ်များက တိုက် ခိုက်မှု စစ်သား ၂၀ နီးပါးသေဆုံး၊ ယနေ့ တိုက်ပွဲ မတိုင်မီ နိုဝင်ဘာ နှင့် အောက် တိုဘာလ တိုက်ပွဲများတွင် စစ်တပ် ဘက်မှ ၄၀ ကျော် ထိခိုက်သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ သံမိုးတောင်ကျေးရွာရှိ စစ်တပ်စခန်းကို PDF မဟာမိတ်တပ်ပေါင်းစုက ယနေ့ တိုက်ခိုက်ပြီး စစ် ကောင် စီတပ်ဘက်မှ ၂၀ နီးပါး သေဆုံးသွားကြောင်း သံတောင်မြောက်ပိုင်း (အထူးဒေသ) တပ်ဖွဲ့ မှ ဗိုလ်မုတ်ဆိတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာ...

မင်းအောင်လှိုင် ခိုင်းစေချက်အရ နေပြည်တော်နှင့် ဝန်ကြီးဌာနများတွင် ရုံးစာ ပေါက် ကြားလျှင် တစ်ဌာန လုံး အရေးယူမည့် သတိပေး ချက်များ လက်မှတ် ထိုးခိုင်း၊ ရုံးစာ ပေါက်ကြားလျှင် ၁၉၂၃ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အရေးယူမည်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၆ မင်းအောင်လှိုင်၏ ခိုင်းစေချက်အရ နေပြည်တော်အပါအဝင် ဝန်ကြီးဌာနများ တွင် ညွှန်ကြားစာနှင့် ရုံးစာပေါက်ကြားလျှင် တစ်ဌာနလုံးအရေးယူမည့် အသိ ပေး ချက်များကို ဝန်ထမ်းများအားလုံး သိရှိသည်ဆိုသော ကတိပြုဝန်ခံချက် လက်မှတ်ထိုးခိုင်းကြောင်း နေပြည် တော်နှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၀...

စစ်ကောင်စီမှ ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပတဲ့ အွန်လိုင်း Zoom အစည်းအဝေးမှာ “မုဒိမ်းစစ်တပ် အမြတ်ဖြတ်” ၊”လုံး၀ အုပ်ချုပ်ခွင့် မရစေရ” စာသားများဖြင့် ဝင်ရောက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၅ အကြမ်းဖက်စစ်ကောင်စီမှ ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပတဲ့ အွန်လိုင်း Zoom အစည်းအဝေးမှာ "မုဒိမ်းစစ်တပ် အမြတ်ဖြတ်" ၊"လုံး၀ အုပ်ချုပ်ခွင့် မရစေရ" စာသားဖြင့် ဝင်ရောက် ဆန္ဒပြကြကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်...

မန္တလေးမှာ စစ်တပ်က ဖျက်ဆီးမှုကြောင့် အိုးအိမ်မဲ့ဖြစ်ရသည့် ပြည်သူ ထောင် ချီ ညအချိန် လမ်းဘေး နဲ့ မြေကြီးတွေပေါ်မှာ ဖြစ်သလို နေရ၊ ကလေး တွေက ငို၊ အမေကြီးတွေရဲ့ လုံချည် တွေမှာ မျက်ရည်တွေ ရွှဲစို

ရန်ကုန်၊ နိုဝင်ဘာ ၂၄ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ဋ ရပ်ကွက်နှင့် ချမ်းမြသာစည် အောင်ပင် လယ် ဘက်ရှိ အိမ်ခြေ ၁၂၀၀ နီးပါးကို ယနေ့ စစ်တပ်က အင်အားသုံး ဖျက်ဆီး ခဲ့ပြီးနောက် အိမ်ဖျက်ခံရသော ပြည်သူထောင်ချီ၍ လမ်းဘေးနှင့် မြေကြီး ပေါ် တွင်...

သု၀ဏ္ဏ၊ ဗိုလ်ချုပ်ရွာမှ စစ်ကောင်စီ၏ သတင်းစုဆောင်းရေးမှူးလည်းဖြစ်၊ တော် လှန်ရေး ရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်ရာတွင် ဦးဆောင်သူ လည်း ဖြစ်သူ ဗိုလ်မှူးကြီးဟောင်း ဇော်နိုင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ မဆလခေတ် ဝန်ကြီး တိုက်စိုး၏ သမက်တော်စပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏတွင် စစ်ကောင်စီ၏ သတင်း စု ဆောင်း ရေး မှူးလည်းဖြစ်၊ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်ရာ တွင် ဦးဆောင်သူလည်းဖြစ်သူ အငြိမ်းစားဗိုလ်မှူးကြီး ဇော်နိုင်ဝင်းကို တော် လှန် ရေး မြို့ပြ ပျောက်ကျားတပ်ဖွဲ့တစ်ခုက ပစ်ခတ်သဖြင့် သေဆုံး...

ရေးဘီလူးအဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရေးမြို့မ ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးကို သေဆုံး၊ M 16 သေနတ် ၁ လက်နှင်ပစ္စတို ၁ လက် ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၃ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရေးဘီလူးအဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရေးမြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲ ၃ ဦးကို သေဆုံးပြီး M 16 သေနတ်နှင့် ပစ္စတို ၁ လက် ရရှိကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့...

Latest news

- Advertisement -spot_img