35 C
Yangon
spot_img

CATEGORY

News

ပြင်ဦးလွင်မြို့မ ရဲစခန်းဥပစာရှိ ဆိုင်ခန်း ၃၅ ခန်း၊ ခရိုင်အားကစားဝင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းကို မတရား သဖြင့် စစ်တပ်က ဖျက်သိမ်းခိုင်း၊ ဆိုင်ခန်းရှင်များ အခက်တွေ့နေ

ရန်ကုန်၊ မတ် ၁၈ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မ ရဲစခန်းဥပစာရှိ ဆိုင်ခန်း ၃၅ ခန်းကို မတ်လ ၂၅ ရက်နေ့၊ ခရိုင်အားကစားဝင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းကို ယခုလ နောက်ဆုံးထားဖယ်ရှားရန် မတရားသဖြင့် စစ်တပ်က ခြိမ်းခြောက်ဖိအားပေးနေကြောင်း ဆိုင်ခန်းပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။''၁လ၂၀၀၀၀...

ဖရူဆိုမြို့ ခမရ ၅၃၁ တပ်ရင်းနှင့် မြို့မရဲစခန်းကို KNDF ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိ

ရန်ကုန်၊ မတ် ၁၈ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ (၅၃၁) တပ်ရင်းနှင့် လက်ပါးစေ မြို့မရဲစခန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၁၅ က ယနေ့ မတ်လ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရှိရသည်။ယနေ့...

ကရင်နီပြည်သူ့ရင်ခွင် အဖွဲ့ထံ အလင်းဝင်လာသော CDM စစ်သားများကို စခန်းသွင်းလေ့ကျင့်နေပြီး အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်

ရန်ကုန်၊ မတ် ၁၈ ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသော CDM စစ်သားများကို စုစည်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ထံမှ သိရှိရသည်။လက်ရှိတွင် ကရင်နီပြည်သူ့ရင်ခွင်ထံ ခိုလှုံကာ CDM ပြုလုပ်လာသော တပ်သား ၃၀ ကျော် ရှိနေပြီဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ အဓိပ္ပါယ်များ၊ စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများ အကြောင်း...

မြေနီကုန်းတံတား ထုံးသုတ်ပြီးနောက် ကြည့်မြင်တိုင်ဗားကရာချောက်နံရံ ပျောက်ကြားဆေးခြယ်ထားမှုကို ထုံးသုတ်ပြန်၊ လုံခြုံရေး အနှောင့်အယှက်ဖြစ်၍ ကြည့်မြင်တိုင်ညစျေးနှင့်ဆိုင်ခန်းများကို စစ်တပ်က ခြိမ်းခြောက် ဖယ်ရှားဟုဆို

ရန်ကုန်၊ မတ် ၁၈ ရန်ကုန်မြို့၊ မြေနီကုန်းတံတားရှိ နံရံဆေးရေး ပန်းချီများကို ထုံးသုတ်ပြီးနောက် ကြည့်မြင်တိုင် ဗားကရာချောက် နံရံတွင်လည်း ပျောက်ကြားအကွက်ပုံစံ ဆေးခြယ်သထားမှုများကိုလည်း ထုံးသုတ်၍ ဖျက်ဆီးနေကြောင်း သိရှိရသည်။ "မနေ့ကတည်းက ထုံးတွေသုတ်ပြီး အကွက်တွေ ဖျက်နေတာ။ ဒီနေ့တော့ တော်တော်တောင်ပြီးနေပြီ။ မြေနီကုန်းတံတားနံရံ ဆေးသုတ်ပြီးတော့ ဗားကရာချောက်ကို...

Telenor Myanmar ကို M1 Groupနှင့် ရွှေဗျိုင်းဖြူ ဖက်စပ်ကုမ္ပဏီ Investcom သို့ ရောင်းချမှု စစ်ကောင်စီ အတည်ပြု ၊ တယ်လီနောပိုင်ရှင်သစ်အဖြစ် စစ်တပ်၏ မိတ်ဖက် ခရိုနီသိန်းဝင်းဇော်ဖြစ်လာ

ရန်ကုန်၊ မတ် ၁၈ Telenor Myanmar ကို စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီသိန်းဝင်းဇော်နှင့် M1 Group ဖက်စပ်ကုမ္ပဏီ Investcom သို့ရောင်းချခြင်းမှုကို အကြမ်းဖက် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယနေ့ အတည်ပြု လိုက်ပြီဖြစ်ကြောင်း M 1 Group က...

ဝက်လက် တောင်ကုန်းရွာ၊ ဒီပဲယင်း မရန်ကန်ရွာ၊ ပုလဲ ကိုင်းတွင်းကျေးရွာတို့ကို တပ်မ ၃၃ အပါအဝင် စစ်ကောင်စီတပ်များက မီးတင်ရှို့၊ သက်ကြီးရွယ်အို ၂ ဦး အရှင်လတ်လတ် မီးလောင်သေဆုံး

ရန်ကုန်၊ မတ် ၁၈ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ တောင်ကုန်းကျေးရွာကို မတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် တပ်မ ၃၃ အပါအဝင် စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး ပြည်သူ့ နေအိမ် ၈၀ ကို မီးရှို့ ဖျက်ဆီးကာ သက်ကြီးရွယ်အိုတစ်ဦးလည်း မီးလောင်သေဆုံးကြောင်း ဒေသခံများက...

တရားဝင်အစိုးရ ခွင့်ပြုခဲ့သော မြေနီကုန်းတံတား နံရံဆေးရေးပန်းချီကို အကြမ်း ဖက် စစ်တပ်က ဖျက်ဆီးမှု ရန်ကုန်ပြင်သစ်သံရုံး ရှုတ်ချ၊ ဖျက်ဆီးခံရသော နံရံဆေးရေးပန်းချီများမှာ ပြင်သစ်သံရုံး၏ ပံ့ပိုးပေးမှုဖြင့် ရေးဆွဲခဲ့

ရန်ကုန်၊ မတ် ၁၈ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မြေနီကုန်းတံတားတွင် မြန်မာလူထု ရွေး ကောက် ထားသော တရားဝင်အစိုးရ ခွင့်ပြုပေးခဲ့သည့် နံရံ‌ဆေးရေးပန်းချီကို အာဏာသိမ်း စစ်တပ်က ဖျက်ဆီးလိုက်မှုကို ရန်ကုန်ပြင်သစ်သံရုံး ရှုတ်ချကြောင်း ယနေ့သတင်းထုတ်ပြန်သည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ရန်ကုန်မြို့ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်...

ကလေးမြို့နယ် နတ်ချောင်းရွာနှင့်နတ်မြောင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့ ၊ ပြည်သူလူထု ၏ပျက်စီးဆုံးရှုံးမှု အလွန်များပြားပြီး PDF များကို စာရေးသား၍ စိန်ခေါ်သွား

ရန်ကုန်၊ မတ် ၁၈ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာနှင့် နတ်မြောင်းကျေးရွာကို စစ်တပ်က မတ်လ ၁၅ ရက်နေ့တွင် မီးဝင်ရှို့ပြီး ပြည်သူလူထု၏ နေအိမ်များ ပျက်စီး ဆုံးရှုံးအလွန်များပြားပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၀၀ကျော် ပြာကျသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် နတ်ချောင်းကျေးရွာရှိ လူနေအိမ်များပေါ်တွင်...

စစ်ကောင်စီတပ်သား ၄၀ ကျော်ပါသော သံခွန်မော်တော် ၁ စီးကို မြို့လှ PDF တိုက်ခိုက်၊ မော်တော်အတွင်းသို့ RPG ထိမှန်ပြီး စစ်သား သေဆုံးထိခိုက်မှုများ၊ ပခုက္ကူတွင်လည်း စစ်ကောင်စီထောက်တိုင် Mytel ရုံးကို ဗုံးပစ်တိုက်ခိုက်ပြီး နောက်ဆုံးအကြိမ် သတိပေး

ရန်ကုန်၊ မတ် ၁၈ အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အာ း၄၀ ကျော်ပါသော သံခွန်မော်တော် ၁ စီးကို ကချင်ပြည်နယ် ရွှေကူမြို့နှင့် ကျောက်ကြီးရွာကြားတွင် ယနေ့ မတ်လ ၁၈ ရက် နံနက် ၄ နာရီခန့်၌ မြို့လှ PDF က တိုက်ခိုက်ခဲ့ပြီး စစ်သား...

မြေတော်ရဲစခန်းမှ ရဲတပ်သား အာကာစိန် လက်နက်နှင့်အတူ CDM ဝင်လာသဖြင့် ငွေကျပ်သိန်း ၃၀ ဆုချီးမြှင့်ပြီး လွတ်မြောက်နယ်မြေပို့ဆောင်

ရန်ကုန်၊ မတ် ၁၈ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေတော်ရဲစခန်းမှ ရဲတပ်သား အာကာစိန်သည် လက်နက်နှင့်အတူ CDM ဝင်လာသဖြင့် ငွေကျပ်သိန်း ၃၀ ဆုချီးမြှင့်လိုက်ပြီး လွတ်မြောက်နယ်မြေပို့ဆောင်လိုက်ကြောင်း Yso ISA ပျောက်ကြားအဖွဲ့က သတင်းထုတ်ပြန်သည်။ မြေတော်ရဲစခန်းမှ ရဲတပ်သား အာကာစိန်သည် လက်နက်နှင့်အတူ မတ် ၈...

Latest news

- Advertisement -spot_img